ပဲခူးနယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမှောက်လို့ ၇ ဦးဒဏ်ရာရ

ပဲခူးနယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမှောက်လို့ ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘောနက်ကြီးအပိုင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးမှာ သံဃာ ၃ ပါး အပါအဝင် ၁၆ ဦးလိုက်ပါလာတဲ့ ဖို့ဒ်ကား တိမ်းမှောက်ပြီး ၇ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက် ဒီမနက် ၇ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ဖိုဒ့်ကားဟာ ကားလမ်း မိုင်တိုင်အမှတ် (၃၅/၅) နဲ့ (၃၅/၆) ကြားအရောက်မှာ နောက်ဘီးပေါက်ပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

"ကားက မောင်းလာရင်းကနေ နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်သွားတာ။ ကားပေါ်မှာ ကလေးငယ်တွေပါပေမယ့် ကံကောင်းလို့ ကလေးတွေထိခိုက်ဒဏ်ရာမရကြဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါကားဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ထီးဆောင်းကျောင်းခွဲ၊ ဇေကမ္ဘာကျောင်းတိုက်က ဘုန်းကြီးကျောင်းကားဖြစ်ပြီး ကားမှောက်လို့ သက်တော် ၆၀ ဝန်းကျင်ရှိ သံဃာ ၁ ပါး၊ အသက် ၁၈ နှစ်မှ ၄၀ ကြားရှိ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြရတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၄ ရက်ကလည်း မိတ္တီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၈၆/ ၆ နဲ့ ၂၈၆/၇ ကြားမှာ ကားတစီးဘီးပေါက်ပြီး တိမ်းမှောက်ရာမှ ရဟန်း ၁ ပါးအပါအဝင် ၃ ဦးသေဆုံးပြီး  ၂ ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကားမှောက် #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း #ဘုန်းကြီး #ပဲခူးပြည်သူ့ဆေးရုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10