ပဲခူးနဲ့ကျောက်ဆည်က မြို့ရှောင်လမ်းတွေမှာ ဆီသယ်တွဲယာဉ်တွေ တိမ်းမှောက်ပြီး ၁ စီး မီးလောင်

ပဲခူးနဲ့ကျောက်ဆည်က မြို့ရှောင်လမ်းတွေမှာ ဆီသယ်တွဲယာဉ်တွေ တိမ်းမှောက်ပြီး ၁ စီး မီးလောင်

မန္တလေးတိုင်း၊ ကျောက်ဆည်မြိုနဲ့ ပဲခူးမြို့တွေမှာ စက်သုံးဆီသယ်တွဲယာဉ်တွေ တိမ်းမှောက်ပြီး မီးလောင်ပျက်စီးတာတွေရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (MFSD) ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီဇင်ဘာ ၈ ရက် ဒီမနက် ၈ နာရီခန့်မှာ ရန်ကုန်ဘက်နေ မြစ်ကြီးနားမြို့ကိုသွားရောက်မယ့် ဆီသယ်တွဲယာဉ်(ဘောက်ဆာ)တစီးဟာ ကျောက်ဆည်မြို့ရှောင်လမ်းမှာ တွဲပြုတ်ကျပြီး မီးလောင်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

အလားတူ မနက် ၉ နာရီ ၃၅ မိနစ်ခန့်မှာ ပဲခူးမြို့ရှောင်လမ်း၊ ဝင်းစတားဆီဆိုင်ရှေ့မှာ ဆီဘောက်ဆာတွဲကားနဲ့ ကုန်တင်တွဲကားချိတ်မိပြီး ဆီကားတိမ်းမှောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

" ပဲခူးမှာဖြစ်တာက ကားချင်းချိတ်မိရာကနေ ဆီကားက ဘေးမြောင်းထဲကျပြီး မှောက်တဲ့သဘောဖြစ်သွားတာ။ သီလဝါကနေ ဆီတင်ပြီး မော်လမြိုင်သွားမယ့်ကားလို့ သိရတယ်။ ကားပေါ်ပါလူတွေလည်း ထိခိုက်တာရှိတယ်"လို့ ပဲခူးဒေသခံတဦးက မြေလတ်အသံ ပြောပါတယ်။

ပဲခူးဆီဘောက်ဆာကား တိမ်းမှောက်မှုဖြစ်စဉ်အတွင်း ယာဥ်မောင်းဖြစ်သူ ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားခေါင်းခန်းပါ ယာဉ်မောင်းရဲ့ ဇနီးဖြစ်သူမှာလည်း နဖူးကွဲဒဏ်ရာတွေရရှိလို့ ပဲခူးဆေးရုံပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ကျောက်ဆည်မြို့ရှောင်လမ်း ဆီဘောက်ဆာကားတိမ်းမှောက်မှုမှာတော့ ဆီကားတစီးလုံး မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်တာမရှိခဲ့ပါဘူးလို့ သိရပါတယ်။

ပုံစာ - ကျောက်ဆည်နှင့် ပဲခူးမြို့ရှောင်လမ်းတို့တွင် ဒီနေ့မနက်ပိုင်းက ဆီသယ်ယာဉ်များ တိမ်းမှောက်မှုဖြစ်ပွားစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကျောက်ဆည် #ဆီဘောက်ဆာ #တိမ်းမှောက် #မီးလောင်မှု #လူထိခိုက် #MFSD #စက်သုံးဆီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10