သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အမ်း နပခ အပါအဝင် ရခိုင်ပြည်နယ်တပြည်နယ်လုံးနီးပါးသိမ်းပိုက်ထားနိုင်တဲ့ အာရက္ခတပ်တော် AA ဟာ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း အစပ်တွေအထိ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီနဲ့တိုက်ပွဲတွေရှိနေတယ်လို့ ထုတ်ပြန်လာပါတယ်။
ရခိုင်ရိုးမ တောင်တန်းတလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ရှင်းလင်းရင်း ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က နယ်မြေတွေမှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ် တောင်ကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတခုဖြစ်တဲ့ မိုးထိတောင်စခန်းကို အခုနှစ် ဇန်နဝါရီ ၂၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၅ ရက်အကြာ တိုက်ပွဲပြင်းထန်ခဲ့ကာ ဇန်နဝါရီ ၂၆ ရက် မနက် ၆ နာရီခွဲမှာ အပြီးသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
အလားတူ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ငဖဲမြို့နယ်၊ ဂုတ်စီးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းပေါ်မှာ ဇန်နဝါရီ ၂၇ ရက် မနေ့က စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၉၊ ၁၄ တပ်ရင်း ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ် AA တို့ နာရီဝက်နီးပါးတိုက်ပွဲဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂုတ်စီးကျေးရွာဘက်ကို တပ်ဆုတ်ထွက်ပြေးသွားခဲ့ပြီး AA တပ်ဖွဲ့ဝင်တွေ နောက်ကလိုက်ပြီးတိုက်ခိုက်ရှင်းလင်းချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ကို ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ငဖဲမြို့နယ်အတွင်းမှာ ပိတ်ဆို့ဖမ်းဆီးရရှိထားတာတွေရှိနေပါတယ်။
#မြေလတ်အသံ
#အမ်း #မကွေး #ပဲခူး #ဧရာဝတီ #AA
Share Share Share