ပဲခူးနဲ့မွန်အစပ် အမြောက်တပ်ရှေ့က ကင်းစခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

ပဲခူးနဲ့မွန်အစပ် အမြောက်တပ်ရှေ့က ကင်းစခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

 

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် သိမ်ဇရပ်မြို့အနီး အမတ ၃၁၀ အရှေ့ရှိ ကုက္ကိုလ်ပင်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးတယ်လို့ ဝေါမြို့နယ် ပကဖဆီက သိရပါတယ်။

မေလ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ အင်အား ၂၀ ကျော်ရှိနေတဲ့ အဲ့ဒီစစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

"အဲ့နေရာက အမြောက်တပ်ရဲ့ ကာကင်းစခန်းဂိတ်လိုဖြစ်နေတာ။ သူတို့အလစ်အငိုက်ကို ချောင်းပြီး သွားရောက်ပစ်ခတ်ခဲ့တာ။ သူတို့ဘက်ကတော့ လက်နက်ကြီးတွေသုံးပြန်ပစ်လာတာမျိုးရှိတယ်"လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး PDF တွေဘက်ကတော့ ထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမေလအတွင်း ဝေါမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်အစပ်မှာ စစ်ရေးတင်းမာနေပြီး PDF ပူးပေါင်းအဖွဲ့တွေ ဘက်ကလည်း စစ်ကောင်စီစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို မကြာခဏသွားရောက်တိုက်ခိုက်သလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကလည်း မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ဝေါမြို့နယ်အနီးရှိ စစ်ကောင်စီရဲ့ သပြေကန်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့တွေဘက်က ဒရုန်းဗုံး ၆ လုံးချ တိုက်ခိုက်ခဲ့သလို ကျိုက်ထိုမြို့အနီး မုပ္ပလင်တံတားထိပ်ကို ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့ရာ မုပ္ပလင်ဘက်ခြမ်းက စစ်ကောင်စီ တပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ပုံစာ - ရှေ့တန်းရောက် ဝေါပကဖ တပ်ဖွဲ့၀င်များ။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မွန် #ဝေါ #ကျိုက်ထို #စစ်ကောင်စီဂိတ် #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10