ပဲခူး၊ ပြည်၊ တောင်ငူက ရွှေဆိုင်တွေကို ၁ ဆိုင် ၁၀ သိန်း ဆက်ကြေးပေးဖို့ ပကဖ ကတောင်းတဲ့ စာအတုတွေ ပျံ့နှံ့

ပဲခူး၊ ပြည်၊ တောင်ငူက ရွှေဆိုင်တွေကို ၁ ဆိုင် ၁၀ သိန်း ဆက်ကြေးပေးဖို့ ပကဖ ကတောင်းတဲ့ စာအတုတွေ ပျံ့နှံ့

ပဲခူး၊ ပြည်နဲ့ တောင်ငူ မြို့တို့က ရွှေဆိုင်နဲ့ ရတနာဆိုင်လုပ်ငန်းငန်းရှင်တွေဆီကို ပကဖ က ဆက်ကြေးတောင်းတဲ့စာတွေ ပျံ့နှံ့နေပြီး အဲ့ဒီစာတွေက အတုတွေဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်ဝန်းကျင်က ပျံ့နှံ့နေတာဖြစ်ပြီး လက်နက်၊ ခဲယမ်း၊ ရိက္ခာလိုအပ်ချက်ရှိလာကာ ပကဖ တပ်ရင်းတွေ ရပ်တည်ဖို့ခက်ခဲသလို ရေဘေးကြုံတွေ့ခဲ့တဲ့ တပ်ရင်းတွေလည်း ဆုံးရှုံးခဲ့တာကြောင့် ပဲခူးတိုင်းပကဖ က လူကြီးမင်းတို့ဆီ အလှူခံခေါင်းစဉ်မတပ်ဘဲ မဖြစ်မနေပေးရမယ့် ဆက်ကြေးခေါင်းစဉ် ဆိုပြီး ရေးသားထားပါတယ်။

ထွက်ပေါ်နေတဲ့ စာပါ အချက်အလက်နဲ့ပတ်သက်ပြီး"ကွဲပြားတာတခုက စာထဲမှာ ရေးထားသလို ကျနော်တို့ တောင်ပိုင်းတိုင်း စစ်ဒေသက ၁ မဟုတ်ပါဘူး ၂ ပါ။ ဒီစာတွေနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ ခရိုင်၊ တိုင်း အဆင့်ဆင့်နဲ့ ဝန်ကြီးဌာနဲ့ တပ်ရင်းတာဝန်ရှိသူတွေကို ပို့ပြီးမေးတော့ သူတို့ဘက်က မဟုတ်ဘူးလို့ အကြောင်းပြန်ထားပါတယ်။" လို့ ၃၆၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကြယ်နီ က ပြောပါတယ်။

သတ်မှတ်ဆက်ကြေးငွေကိုတော့ ၁ ဆိုင် ၁၀ သိန်းပေးဆောင်ရမယ်လို့ ရေးသားထားကာ မလိုက်နာပါက ဖမ်းဆီးခေါ်ဆောင်တာနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပါက ပစ်ခတ်ရှင်းလင်းတာတွေထိ အရေးယူမယ်လို့ ရေးသားထားတာပါ။

"ဒီစာက စကစဆီကလာတာလည်း ဖြစ်နိုင်သလို တဖက်လှည့်နဲ့ ခေတ်ပျက်ကြီးထဲမှာ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုပြီး စာအတုထုတ်ပြီး လိမ်လည်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအားလုံးကိုပြောချင်တာက သက်ဆိုင်ရာ ပကဖ PDF တွေရဲ့ ဒေသအလိုက် ပေ့ချ်တွေရှိတယ်၊ အဲဒီကနေအသိပေးစရာတွေကိုတော့ တရားဝင်ထုတ်ပြန်မှာပါ။ ပြည်သူတွေ ဂရုစိုက်ကြဖို့ လိုပါတယ်။" လို့ တာဝန်ခံ ကြယ်နီ က ဆိုပါတယ်။

စာတွေနဲ့ပတ်သက်ပြီး ပကဖနဲ့ PDF တွေက ထုတ်မှာမဟုတ်ဘဲ ခြိမ်းခြောက်တာ၊ ဆက်ကြေးကောက်တာ လုံးဝလုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဆက်ကြေးကောက်ခံတဲ့ စာမှာတော့ ပဲခူးတိုင်းကွပ်ကဲရေးရုံး အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော်လို့ ရေးသားထားပြီး ဓါတ်ပုံနည်းပညာနဲ့ ပြုပြင်ထားတာတွေကိုလည်း တွေ့ရပါတယ်။

#မြေလတ်အသံ

#ပဲခူး #ခြိမ်းခြောက်စာ #လုပ်ငန်းရှင် #စာအတု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10