ပဲခူးမြို့နယ်မှာ လေပြင်းကြောင့် နေအိမ် ၇၀ ကျော်ပျက်စီး

ပဲခူးမြို့နယ်မှာ လေပြင်းကြောင့် နေအိမ် ၇၀ ကျော်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးရွာလေပြင်းတိုက်ခိုက်လို့ လူနေအိမ် ၇၀ ကျော်ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပဲခူးမြို့နယ်ထဲက ဝါးပျံကုန်း၊ ပေပင်ချောင်း၊ ရွာသစ်ကိုင်းတာ၊ ပျဥ်ပုံကြီးနဲ့ မြိုပေါ်ရပ်ကွက်တချို့က လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။


"မိုးက တနေ့ (မေ ၁၃ )ကညကတည်းက ရွာတာ။ မနေ့မနက်ပိုင်းက စပြီးပိုရွာတယ်။ ညပိုင်းတွေမှာတော့ လေပြင်းတိုက်တာတွေရှိတယ်။ ထိခိုက်ပျက်စီးမှုကတော့ မြိုပေါ်တွေမှာရော ရွာတွေဘက်မှာရောဘဲ။ ရွာတွေမှာက ပိုများတယ်"လို့ ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ဝါးပျံကုန်းကျေးရွာက အိမ်ခြေ ၅၀ ခန့်၊ ပေပင်ချောင်းကျေးရွာအုပ်စုက ၃ လုံး၊ ကမ်းမြင့်ကျေးရွာအုပ်စုက ၁၆ လုံး၊ ရွာသစ်ကိုင်းတာအုပ်စုက ၄ လုံး၊ ပျဥ်ပုံကြီးက ၆ လုံး၊ ဥသာမြို့သစ် ၁ လုံးနဲ့ ရွှေပြည်အေး ၁ လုံးတို့ အမိုးလန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သစ်ပင်တွေလဲပြိုကျလို့ လမ်းပိတ်တာနဲ့ သစ်စိမ့်ကုန်းတံတား တဝက်ခန့်ပျက်ဆီး၊ တာဝါတိုင်တခု ပြိုလဲတာတွေလဲရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိုးရွာပြီးလေပြင်းတိုက်လို့ ထိခိုက်ပျက်စီးမှုတွေကိုတော့ မီးသတ်၊ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ဝိုင်းဝန်းရှင်းလင်းနေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူး #လေပြင်းတိုက်ခတ်#ပျဥ်ပုံကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10