ပဲခူးမြို့မှာ စစ်ကောင်စီက တင့်ကားတွေပါဝင်တဲ့ယာဉ်တန်းနဲ့ အင်အားပြကင်းလှည့်  (ရုပ်/သံ)

ပဲခူးမြို့အတွင်းမှာ စစ်ကောင်စီဘက်က တင့်ကား ၅ စီးထက်မနည်းပါဝင်တဲ့ စစ်ယာဉ်တန်းနဲ့ ကင်းလှည့် အင်အားပြနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့ ညတွေမှာ  စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ဟာ ခြေလျင်၊ ရဲကား၊ စစ်ကားနဲ့ တင့်ကားတွေသုံးပြီး ညဘက်တွေမှာအင်အားပြ ကင်းလှည့်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က အခုလို အင်အားပြ ကင်းလှည်လာတာတွေကြောင့် မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုပြီး ဒေသခံတွေမှာ စိုးရိမ်စိတ်တွေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

နေ့ခင်းဘက်တွေမှာတော့ စစ်ကောင်စီဘက်က ယူနီဖောင်းတွေနဲ့ကင်းလှည့်သွားလာတာမျိုး မရှိပေမယ့် အရပ်ဝတ်နဲ့အိမ်စီးကားတွေအသုံးပြုကာ နယ်မြေသတင်းလိုက်လံစုံစမ်းနေတာတွေရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က ညမထွက်ရအမိန့် ပယ်ဖျက်ထားပေမယ့် ည ၉ နာရီနောက်ပိုင်း ပဲခူးမြိုပေါ်ရပ်ကွက်တွေရဲ့လမ်းမှာ လူသွားလူလာမရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီရဲ့ စခန်း တွေကို ဆက်တိုက်သိမ်းပိုက်လာသလို KIA၊ PDF တွေဘက်ကလည်း စစ်ကိုင်းတိုင်းထဲက  ကောလင်း၊ ခမ်းပတ်နဲ့ ပင်လည်ဘူးမြို့တွေကို သိမ်းပိုက်ရရှိထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #ပဲခူးမြို့ #စစ်ကောင်စီ #တင့်ကား #ကင်းလှည့် #အင်အားပြ #KIA 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10