ပဲခူးမြို့ရှောင်လမ်းရှိ စစ်ကောင်စီထောက်ပို့တပ် တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများရှိ

ပဲခူးမြို့ရှောင်လမ်းရှိ စစ်ကောင်စီထောက်ပို့တပ် တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများရှိ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှောင်လမ်း၊ ဆည်မြောင်းလမ်းနဲ့မြို့ရှောင်လမ်းဆုံထောင့် ၁၉ လမ်းနားမှာရှိတဲ့ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အောက်တိုဘာ ၃ ရက် ည ၈ နာရီခန့်မှာ အင်အား ၅ ဦးခန့်ရှိနေတဲ့ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကင်းဂိတ်ကို ၄၀ မမအပါအဝင် လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"၄၀ မမနဲ့သွားပစ်ကြတာ။ အဲ့ဂိတ်မှာက စစ်ကောင်စီတပ်သားတွေက လူဦးရေက ပုံမှန်တော့မရှိဘူး။ ၅ ဦးရှိရင်လည်းရှိတယ်။ အဲ့ထက်ပိုရှိရင်လည်းရှိတယ်။ ပစ်ခတ်မှုကတော့ သိပ်မကြာလိုက်ပါဘူး"လို့  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁ ဦးသေပြီး ၂ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

"ညတုန်းကတော့ ၈ နာရီလောက်မှာ အဲ့ဘက်က ပေါက်ကွဲသံတော့ကြားတယ်။ ပထမ ကားဘီးပေါက်တာလို့ထင်တာ။ နောက်မှာ ပစ်ခတ်မှုဖြစ်တာလို့ သိရတယ်။ ထိခိုက်မှုကတော့ မသိရဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ၎င်းတပ်ဘက်သို့ လူနာတင်ယာဉ်များ ထွက်သွားပြီး သေဆုံးထိခိုက် ဒဏ်ရာရသူများကို  ညတွင်းချင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ကာ ဆေးကုသမှု ခံယူလျက်ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ပဲခူးမြို့နယ် ပကဖက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ဇူလိုင် ၂၄ ရက်ကလည်း ပဲခူးမြို့၊ ရုံးကြီးရပ်ရှိ စစ်ကောင်စီ ပဲခူးတိုင်းအစိုးရရုံးနဲ့ တိုင်းထွေအုပ်ရုံးတို့ M 79 နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူထိခိုက်တာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပစ်ခတ်မှု #ထောက်ပို့တပ် #စစ်ကောင်စီ #ပဲခူးတိုင်း #ပကဖ #နန်းထိုက်အောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10