သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာ ရေကြီးနစ်မြုပ်လို့ ဒေသခံ ၁,၀၀၀ ခန့် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ်လ ၈ ရက် ည ၁၀ နာရီခန့်က စတင်ကာ မိုးသည်းထန်စွာရွာပြီး ပဲခူးမြစ်ရေ မြင့်တက်လာလို့ အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ဖောင်တော်ဦးကွက်သစ်၊ မဇင်း၊ မြို့သစ်-က၊ အိုးလေးစု၊ ကျွန်းသာယာ၊ ဇိုင်းဂနိုင်းမြောက်၊ ရွာသစ်၊ ကလျာဏီ၊ ကျောက်ကြီးစုရပ်ကွက်တွေနဲ့ ဇောင်းတူကျေးရွာနဲ့ တိုက်ကြီးကျေးရွာတွေမှာ ရေဝင်နေတယ် လို့ ဆိုပါတယ်။
"ညကစပြီး ရေက တရိပ်ရိပ်နဲ့ စတက်တယ်။ မနက် ၃ နာရီလောက်မှာ ပိုများလာတယ်။ စိုးရိမ်ရေမှတ်ထက် ၄၀ စင်တီမီတာလောက်ကျော်နေပြီ။ ညကဆို ဖောင်တော်ဦးအနိမ့်ပိုင်းက လူတွေ စရွှေ့ကြတယ်။ ကျေးရွာတွေ ဘက်မှာလည်း ရေမြုပ်လို့ရွေ့ပြောင်းနေကြတယ်။ ခုမနက်ထိလည်း ရေက တက်နေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
မြေအနိမ့်ပိုင်းနေရာတချို့မှာ လူတရပ်နီးပါးခန့် ရေမြုပ်နေသလို၊ တချို့နေရာတွေမှာ လမ်းပေါ် ရေ ၂ ပေ ခန့် တက်နေတာတွေရှိနေပါတယ်။
ရေကြီးလို့ ဖောင်တော်ဦးကွက်သစ် အနိမ့်ပိုင်းက လူဦးရေ ၃၀၀ နီးပါးနဲ့ ဇောင်းတူကျေးရွာအုပ်စုနဲ့ တိုက်ကြီးကျေးရွာအုပ်စုက လူ ၇၀၀ နီးပါး ပြောင်းရွှေ့နေရပြီး ပြောင်းရွေ့လူဦးရေစာရင်း ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာဖြစ်ပြီး လတ်တလောအခြေနေမှာတော့ ၉၂၀ စင်တီမီတာခန့်ထိ ရောက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ နောက် ၁ ရက် ၂ ရက်အတွင်း ပဲခူးမြစ်ရေဟာ ဆက်လက်မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်ထက် ၂ ပေခန့် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးမှာ #ရေကြီးနစ်မြှပ်လို့ #ရေဘေးသင့် #ပဲခူးမြစ် ဒေသခံ ၁,၀၀၀ နီးပါ ပြောင်းရွှေ့နေရ #သတင်း
Share Share Share