ပဲခူးမှာ ကျေးရွာတာဝန်ခံနဲ့တပည့်ဖြစ်သူတို့ နေအိမ်ကနေဖမ်းဆီးပြီး အသတ်ခံရ

ပဲခူးမှာ ကျေးရွာတာဝန်ခံနဲ့တပည့်ဖြစ်သူတို့ နေအိမ်ကနေဖမ်းဆီးပြီး အသတ်ခံရ

ပဲခူးမြို့နယ်၊ သံစို့ပင်ကျေးရွာအုပ်စု၊ ဝံကိုက်လျှိုကျေးရွာ၊ စလူဆည်အနီးမှာ ကျေးရွာတာဝန်ခံနဲ့ တပည့်ဖြစ်သူတို့ နေအိမ်ကနေဖမ်းဆီး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၂၁ ရက် မနက်အစော ၁ နာရီဝန်းကျင်မှာ ဝံကိုက်လျှိုကျေးရွာတာဝန်ခံ ဦးတင်အောင်လွင် ၄၈ နှစ်နဲ့ တပည့်ဖြစ်သူ ကိုထွန်းထွန်းနိုင် ၄၇ နှစ်တို့ကို အမည်မသိလက်နက်ကိုင်တွေက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စလူဆည်အနီးမှာ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ဆိုပါတယ်။

"နေအိမ်ကနေဖမ်းခေါ်သွားပြီး ရွာနဲ့ ၂ ဖာလုံလောက်အကွာက ဆည်နားမှာပစ်သတ်ခံလိုက်ရတယ်။ အလောင်းကတော့ မနက်ကျမှရွာခံတွေက ပြန်တွေ့တာ"လို့ ပဲခူးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ကျေးရွာတာဝန်ခံနဲ့တပည့်ဖြစ်သူတို့ဟာ ဦးခေါင်းတွေမှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့သေဆုံးသွားပါတယ်။

အသတ်ခံရသူ ဦးတင်အောင်လွင်နဲ့ ကိုထွန်းထွန်းနိုင်တို့ ၂ ဦးဟာ စစ်ကောင်စီထံသတင်းပေးတာ၊ စစ်ကြောင်းလာရင် တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာ လမ်းပြအဖြစ်လိုက်ပါတာ၊ ကျေးရွာတာဝန်ခံလုပ်ပိုင်ခွင့်ကို အသုံးပြုကာ ဒေသခံတွေကိုခြိမ်းခြောက်ပြောဆိုပြီး စစ်တပ်နဲ့ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်လေ့ရှိသူတွေလို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၁ ရက် မနက် ၈ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စလူဆည်ဘက်ကို စစ်ကြောင်းနဲ့ ဝင်ရောက်လာပြီး သေဆုံးကျေးရွာတာဝန်ခံနဲ့ တပည့်ဖြစ်သူရဲ့ ရုပ်အလောင်းကို စစ်ဆေးမှုပြုလုပ်ကာ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဇွန် ၂၄ ရက်ကလည်း ဒိုက်ဦးမြို့၊ အမှတ် ၂ ကုန်သည်ရပ်ကွက်မှာ ဆိုင်ကယ်နဲ့လာတဲ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ကျေးရွာတာဝန်ခံ #သတ်ဖြတ် #သတင်း #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10