ပဲခူးမှာ ချောင်းထဲရေဆင်းကူးတဲ့ ကလေး ၂ ဦး ရေနစ်သေဆုံး

ပဲခူးမှာ ချောင်းထဲရေဆင်းကူးတဲ့ ကလေး ၂ ဦး ရေနစ်သေဆုံး

ပဲခူးမြို့နယ်၊ အောက်စီတီးကျေးရွာအပိုင်၊ ရထားသံလမ်းတံတားအနီးမှာ စက်တင်ဘာလ ၂၂ ရက် နေ့လယ် ၂ နာရီခန့်က  ချောင်းအတွင်းရေဆင်းကူးတဲ့ ကလေး ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသွားသူတွေဟာ ရပ်ကွက်ကြီး ၈၊ နယ်မြေ ၉ မှာနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ်ရှိ  မောင်ဇွဲထက်မောင်နဲ့ မောင်ပိုင်သူဟိန်းတို့ဖြစ်ပြီး ရထားသံလမ်းအနီး ရေအနက် ၁၀ ပေခန့်ရှိချောင်းအတွင်း ရေဆင်းကူးစဉ် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ရေကူးတာက ကလေး ၃ ယောက်။ ၂ ယောက်က ရေနစ်နေတော့ ၁ ယောက်က နေအိမ်လာပြန် ပြေးပြောတာ။ သူတို့ရေကူးတဲ့နေရာနဲ့ နေအိမ်နဲ့က မိနစ် ၂၀ လောက်သွားရတော့ ကယ်ဆယ်ဖို့ အချိန်မမီလိုက်ဘူး"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကလေးငယ်တွေ ရေနစ်နေတာကို သိရှိတဲ့အချိန်နဲ့ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အချိန် တနာရီကျော်ကြာ ကွာဟသွားတဲ့အတွက် သေဆုံးနေတဲ့ ကလေးငယ်တွေရဲ့ အလောင်းကိုသာ ပြန်လည် ဆယ်ယူရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးကလေးငယ်တွေရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ဆယ်ယူပြီး ပဲခူးဆေးရုံကိုပို့ဆောင်ပေးခဲ့ရပြီးစစ်ဆေးမှုတွေပြုလုပ်ပြီးနောက်နေအိမ်ကိုပြန်သယ်လာခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၄ ရက်ကလည်း ပဲခူးမြို့၊ (ဆိုရှယ်လစ်ဘက်အခြမ်း) ကျုံးအတွင်းမှာ ရေဆင်းကူးတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ရေနစ်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရေနစ် #ကလေး၂ဦး #သေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10