သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးမြို့ ရွှေမော်ဓောဘုရားပွဲစျေးထဲ ဝင်ကိုက်တဲ့ခွေးရူးဟာ လွတ်မြောက်နေဆဲဖြစ်ပြီး ဒီကနေ့ ဧပြီ ၂၉ ရက်မနက်ပိုင်းအထိ အကိုက်ခံရသူအရေ အတွက် ၄၀ နီးပါးထိရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်မြောက်နေတဲ့ ခွေးရူးဟာ ဒီကနေ့ မနက်ပိုင်းက ဆိုရှယ်လစ်ရပ်ကွက်အတွင်း ဝင်ရောက်လာပြီး လူ ၆ ဦးကို ထပ်မံကိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။
" ဟိုနေ့ကတည်းက လွတ်နေတဲ့ ခွေးရူးက ဒီမနက် ဆိုရှယ်လစ်ရပ်ကွက်ထဲမှာ ထပ်ကိုက်တယ်။ လူတွေဝိုင်းလိုက်တော့ပြေးသွားတာ ပျောက်နေတယ်။ လောလောဆယ်တော့လိုက်ရှာနေကြတုန်းပဲ" လို့ ပဲခူးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဧပြီ ၂၇ ရက် ညပိုင်းမှာ ရွှေမော်ဓောဘုရားပွဲစျေးအတွင်းလည်ပတ်နေသူတွေနဲ့ လမ်းသွားလမ်းလာ လူ ၂၉ ဦး ခွေးရူးကိုက်ခံရပြီးနောက် အဆိုပါခွေးရူးမှာ ဆက်လက်လွတ်မြောက်သွားခဲ့တာပါ။
ဒီမနက်ပိုင်းအထိ ၃ ရက်အတွင်း ခွေးရူးကိုက်ခံရသူ ၄၀ နီးပါး ထိရှိလာကာ ခွေးရူးကိုလည်းဖမ်းမမိသေးတာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခွေးရူးထပ်မံကိုက်ခံရသူတွေဟာ အသက် ၂၀ ကျော်ကနေ ၅၀ အတွင်း မြို့ခံတွေဖြစ်ပြီး ထပ်မံကိုက်ခံရသူတွေကို ပဲခူးဆေးရုံမှာ ခွေးရူးပြန်ကာကွယ် ဆေးထိုးဖို့ လုပ်ဆောင်ပေးနေကြတယ်လို့လည်း ဆိုပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #ခွေးရူး #လွတ်မြောက်နေ #ဒေသခံ #စိုးရိမ်မှု #၄၀ကျော် #အကိုက်ခံရ
Share Share Share