ပဲခူးမှာ ဆိုင်ကယ်တက္ကစီမောင်းနှင်သူကို ငှားရမ်းသူတွေက ဓားနဲ့ထိုးပြီး ဆိုင်ကယ်နဲ့ဖုန်းလုယူ

ပဲခူးမှာ ဆိုင်ကယ်တက္ကစီမောင်းနှင်သူကို ငှားရမ်းသူတွေက ဓားနဲ့ထိုးပြီး ဆိုင်ကယ်နဲ့ဖုန်းလုယူ

ပဲခူးမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီးမှာ ဇူလိုင်လ ၁၆ ရက် မနေ့ညနေပိုင်းက လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်နဲ့ဖုန်းလုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လုယက်ခံရသူဟာ ဥဿာမြို့သစ်(၁)ရပ်ကွက်နေ အသက် ၅၃ နှစ်အရွယ် ဦးအေးဝင်း ဆိုင်ကယ်တက္ကစီမောင်းသူဖြစ်ပြီး ဇူလိုင်လ ၁၆ ရက် မနေ့ ညနေ ၅ နာရီကျော်မှာ အမည်မသိအမျိုးသား ၂ ဦးက ဆိုင်ကယ်ကယ်ရီငှာရမ်းလို့ လိုက်သွားရာကနေ လုယက်ခံခဲ့ရတာလို့ ဆိုပါတယ်။

"သူ့ကို အမျိုးသားနှစ်ယောက်က ဆိုင်ကယ်တက္ကစီငှား လို့လိုက်သွားတာ။ လမ်းလူပြတ်တဲ့နေရာမှာ ဓားနဲ့ထိုး၊ လည်လှီး၊ ရိုက်နှက်တာတွေလုပ်ပြီး လုယက်သွားတာ"လို့ ပဲခူးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လုယက်သူတွေဟာ ဦးအေးဝင်းကို ဓားနဲ့တိုက်ခိုက်ပြီးနောက် ၄င်းပိုင် မော်တော်ဆိုင်ကယ်နဲ့ ဖုန်းကို ယူ ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ဓားနဲ့လှီး၊ တုတ်နဲ့ရိုက်ခံရလို့ ဦးအေးဝင်းမှာ လည်ပင်း၊ ခါးနဲ့ဝမ်းဗိုက်ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေရရှိပြီး စိုးရိမ်ရအခြေနေမှာရှိနေကာ ပဲခူးဆေးရုံအထူးကြပ်မတ်ဆောင်မှာဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဧပြီလ ၂၉ ရက်ကလည်း အုတ်တွင်းမြို့နယ်က ဆိုင်ကယ်တက္ကစီသမားကို ဆိုင်ကယ်ငှားရမ်းပြီးနောက် လူပြတ်တဲ့  တိမ်ညွန့်ကျေးရွာအရှေ့ဘက် တောစပ်အနီးမှာ ဓားနဲ့လည်လှီးကာ ဆိုင်ကယ်လုမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #ဆိုင်ကယ်တက္ကစီ #မောင်းနှင်သူ #လုယက်ခံရ #ရာဇဝတ်မှု #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10