ပဲခူးမှာ ဓားပြတိုက်ခံရလို့ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ရွှေတွေပါသွား

ပဲခူးမှာ ဓားပြတိုက်ခံရလို့ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ရွှေတွေပါသွား

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ အင်းဝ ၈ လမ်းမှာ ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီခန့်မှာ အိမ်ရှင် မတင်မာထွေးနဲ့ သားဖြစ်သူတို့  ၂ ဦးက နေအိမ်မှာရှိနေချိန် လက်နက်ကိုင်အမျိုးသား ၂ ဦးက နေအိမ်ထဲဝင်လာပြီး ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

"သားအမိ ၂ ဦးတည်းရှိနေချိန် အနုကြမ်းစီး (ဓားပြတိုက်)သူတွေက အိမ်ထဲရောက်လာပြီး ပစ္စည်းတွေ ထုတ်ခိုင်းတယ်။ အိမ်ရှင်က ထုတ်ပေးဖို့ကြာနေတော့ သူတို့ဟာသူတို့ မွှေနှောက်ယူသွားတယ်။ အကြောင်းသိတဲ့သူတွေ ဖြစ်နိုင်တယ်။ ရွှေတွေ ဘယ်မှာထားတယ်ဆိုတာက အစ သိနေတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။  

အဲ့ဒီလက်နက်ကိုင်အမျိုးသား ၂ ဦးဟာ ပစ္စည်းတွေရှာဖွေနေချိန်မှာလည်း အိမ်ရှင် အမျိုးသမီးကို ပါလာတဲ့သေနတ်နဲ့ ထုခဲ့တဲ့အတွက် ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်အတွင်းရှိ ကလေးဝတ်၊ လူကြီးဝတ် ရွှေဆွဲကြိုး၊ လက်ကောက်၊ နားကပ် စတဲ့ပစ္စည်းတွေပါသွားပြီး ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ယခုနှစ်ပိုင်းအတွင်း ပဲခူးမှာ လုယက်မှုတွေနဲ့နေအိမ်အနုကြမ်းစီး ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်တာမရှိဘူးလို့ သိရပါတယ်။ 

စာတည်း - လင်း

 #မြေလတ်အသံ

#ပဲခူး #နန်းတော်ရာရပ်ကွက် #ဓားပြတိုက် #ရွှေထည်ပစ္စည်း #သိန်း၁၀၀ကျော်တန်ဖိုးဆုံးရှုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10