ပဲခူးမှာ ဘုန်းကြီးကျောင်း ၂ ထပ်ကျောင်းဆောင်တခု မီးလောင်

ပဲခူးမှာ ဘုန်းကြီးကျောင်း ၂ ထပ်ကျောင်းဆောင်တခု မီးလောင်

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ ဇေတဝန်ဘုန်းကြီးကျောင်းအတွင်းရှိ ၂ ထပ်ကျောင်းဆောင်တခု စက်တင်ဘာ ၁၆ ရက် ဒီနေ့ မနက်အစော ၁ နာရီခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇေတဝန်ကျောင်း၊ နှစ်ထပ်ကျောင်းဆောင်ရှိ လျှပ်စစ်မီတာပုံးကနေ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာဖြစ်ကာ ၁ နာရီနီးပါးအကြာ လောင်ကျွမ်းခဲ့ပြီးနောက် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ် ။

" ည ၁၂ နာရီ ၁၅ လောက်က စလောင်တာ။ မီးလောင်တာက အချိန်နည်းနည်းကြာသွားတော့ လောင် အားကောင်းသွားတာ။ ကျောင်းဆောင်က အုတ်နံရံတွေပဲ ကျန်တော့တာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပေ ၄၀×၄၀၊ ၂ထပ်ကျောင်းဆောင်နဲ့ ကျောင်းဆောင်အတွင်းပစ္စည်းတွေအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးသွားပြီး ကျောင်းနေသံဃာတော်တွေ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

မေလ ၇ ရက်ကလည်း ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာမှာ မီတာပုံးမှတဆင့် ဝါယာရှော့ဖြစ်လို့ နေအိမ် ၉ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဘုန်းကြီးကျောင်း #မီးလောင်မှု #ပျက်စီးဆုံးရှုံး #မီတာပုံး #ဝါယာရှော့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10