ပဲခူးမှာ မြစ်ရေ ဒုတိယအကြိမ်တက်လို့ ကယ်ဆယ်ရေးစခန်းတွေ ပြင်ထားရ

ပဲခူးမှာ မြစ်ရေ ဒုတိယအကြိမ်တက်လို့ ကယ်ဆယ်ရေးစခန်းတွေ ပြင်ထားရ

ပဲခူးမြို့ပေါ်ကို မြစ်ရေ ဒုတိယအကြိမ်ပြန်တက်ကာ မြို့တွင်း မြေအနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ပြန်ပြင်ထားရတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေ ဆီကသိရပါတယ်။

စက်တင်ဘာလ ၁၅ ရက် ဒီမနက်အစောပိုင်းကစတင်ပြီး ပဲခူးမြစ်ရေပြန်တက်လာတာဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဖောင်တော်ဦး၊ ကျောက်ကြီးစု အပါအဝင် ရပ်ကွက် ၅ ခုလောက်မှာ ရေက ၂ ပေကျော်လောက် တက်လာပြီလို့ ဆိုပါတယ်။

"ရေကပြန်တက်လာပြီဆိုတော့ လူတွေ ရွှေ့ပြောင်းဖို့လုပ်နေကြတယ်။ မြစ်ရေက ဆက်တိုးနေတယ်။ ကယ်ဆယ်ရေစခန်းတွေကတော့ ပြီးခဲ့တဲ့အခေါက်က ဖွင့်ထားတဲ့ နေရာတွေကိုပဲ အသင့်လုပ်ထားတယ်"လို့ ဒေသလူမှုကူညီရေး အသင်းဝင်တဦးကပြောပါတယ်။

ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တီမီတာဖြစ်ပြီး ဒီနေ့မနက် တိုင်းထွာချက်အရ ၈၅၈ စင်တီမီတာကို ကျော်နေပြီလို့ဆိုပါတယ်။

လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်း ၂၀ နီးပါး ပြင်ဆင်ထားပြီး ရွှေ့ပြောင်းလာမယ့် ရေဘေးရှောင်တွေကို ထားရှိသွားဖို့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်ကနေ ၁၂ ရက်အတွင်းမှာလည်း မြစ်ရေတက်မှုကြောင့် ပဲခူးမြို့ပေါ်က ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာ ၆ ခုမှာ ရေကြီးနစ်မြုပ်တာတွေဖြစ်ခဲ့ပြီး ဒေသခံ ၁၅၀၀၀ နီးပါးရေဘေးရှောင်ခဲ့ရကာ ရေးဘေးကယ်ဆယ်ရေးစခန်း ၂၉ ခုအထိ ဖွင့်လှစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် ဩဂုတ် ၁၄ ရက်မှာ ရေပြန်ကျသွားတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေ ပိတ်ပြီး ရေဘေးရှောင်တွေ နေအိမ်ကို ပြန်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #မြစ်ရေတက် #ကယ်ဆယ်ရေးစခန်း #ပြင်ဆင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10