ပဲခူးမှာ ရေထဲပြုတ်ကျပြီး အမျိုးသား ၁ ဦး ရေနစ်သေဆုံး

ပဲခူးမှာ ရေထဲပြုတ်ကျပြီး အမျိုးသား ၁ ဦး ရေနစ်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့အထွက်ရှိ ကလိချောင်းထဲပြုတ်ကျရာမှ အမျိုးသား ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီကျော်လောက်မှာ ဘုရားကြီးမြို့၊ အမှတ် ၁ ရပ်ကွက်၊ မွန်စုပိုင်းနေ အသက် ၄၅ နှစ်အရွယ် ကိုစန်းလွင်ဦးဟာ ဘုရားကြီးမြို့အထွက်ဘက်ကို လမ်းလျှောက်လာစဥ် ရေထဲပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

"သူက အရက်မူးနေတယ်လို့ ပြောတယ်။ လူတယောက် ရေထဲပြုတ်ကျသွားတာကို လယ်ကွင်းထဲက သူတွေက လှမ်းမြင်လိုက်ပေမယ့် ပြန်တက်လာမယ်ထင်ကြတာ။ နည်းနည်းကြာတော့ ပြန်တက်လာတာမတွေ့မှ အကူအညီလှမ်းတောင်း၊ သွားဆယ်ကြရတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ရှာဖွေခဲ့ကာ ၂ နာရီလောက်ကြာမှ အလောင်းကို ချောင်းအတွင်းမှာ တွေ့ရှိဆယ်ယူနိုင်ခဲ့ပြီး ဘုရားကြီးဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

အခုနှစ် ဇွန်လ ၂၄ ရက် ညနေပိုင်းမှာလည်း ပဲခူးမြို့(ဆိုရှယ်လစ်ဘက်အခြမ်း)ရှိ ကျုံးအတွင်းမှာ ရေဆင်းကူးတဲ့ လူငယ် ၃ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဘုရားကြီးမြို့အထွက် #ကလိချောင်း #အမျိုးသား #ရေထဲပြုတ်ကျ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10