ပဲခူးမှာ ရေမြောင်းထဲပြုတ်ကျတာနဲ့ ကြိုးဆွဲချတာကြောင့်  အမျိုးသား ၂ ဦး သေဆုံး

ပဲခူးမှာ ရေမြောင်းထဲပြုတ်ကျတာနဲ့ ကြိုးဆွဲချတာကြောင့် အမျိုးသား ၂ ဦး သေဆုံး

ပဲခူးမြို့မှာ ဇူလိုင် ၂၁ ရက် မနေ့ညနေပိုင်းက ရေမြောင်းထဲပြုတ်ကျတာနဲ့ ကြိုးဆွဲချတာကြောင့် အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ညနေ ၃ နာရီခန့်မှာ နန်းတော်ရာရပ်ကွက်၊ ဥဿာ ၇ လမ်းမှာနေတဲ့ အသက် ၅၁ နှစ်အရွယ်ရှိ ဦးကျော်နိုင်ဦး ဆိုသူဟာ နန်းတော်ရာနဲ့ ရှင်စောပုရပ်ကွက်အကြားရှိ အနက် ၄ ပေ၊  ရေ ၂ ပေခန့်ရှိ ရေ မြောင်းထဲကို ပြုတ်ကျပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ညနေ ၄ နာရီခန့်မှာပဲ ပဲခူးမြို့သစ်ရှိ အမှတ် ၃ ရဲစခန်းအနီး လူနေအဆောင်တခုမှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးထွန်းအောင် ဆိုသူလည်း ကြိုးဆွဲချပြီးသေဆုံးခဲ့တာလို့ သိရပါတယ်။

"ကြိုးဆွဲချသေဆုံးသူက သူငှားနေတဲ့အခန်းမှာ တဦးတည်းရှိနေချိန် လုပ်လိုက်တာ။ မိသားစုပြဿနာရှိလို့ ဖြစ်နိုင်ပါတယ်။ ရေမြောင်းထဲ ပြုတ်ကျသေတဲ့သူကတော နဂိုက စိတ်ကျန်းမာရေးမကောင်းသူ အရက်လည်း သောက်တတ်သူလို့တော့ သိရတယ် "လို့ မြို့ခံတဦးက‌ မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသွားသူ ၂ ဦးကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး သေဆုံးမှုတွေနဲ့ပတ်သက်လို့ ရဲဘက်က စစ်ဆေးမှုတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက် ညနေပိုင်းမှာလည်း ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ် ၁ ရပ်ကွက်၊ မွန်စုပိုင်းနေ ကိုစန်းလွင်ဦး ဆိုသူ ဘုရားကြီးမြို့အထွက်ဘက်ကို လမ်းလျှောက်လာစဥ် ရေထဲပြုတ်ကျလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ 

#ပဲခူး #လူသေဆုံးမှု #ကြိုးဆွဲချ #မတော်တဆမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10