ပဲခူးမှာ ရဲတဦးဓားထိုးခံရပြီး သေဆုံး

ပဲခူးမှာ ရဲတဦးဓားထိုးခံရပြီး သေဆုံး

ပဲခူးမြို့၊ အင်းဝင်ရပ်ကွက်၊ နန်းဦးဘုန်းကြီးကျောင်းအနီးမှာ ရဲတဦးဓားထိုးခံရပြီး သေသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ပဲခူးအမှတ် ၁ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်ဖြစ်ပြီး ဇန်နဝါရီလ ၈ ရက် ည ၉ နာရီကျော်မှာ အခင်းဖြစ်နေရာအနီးမှာ အရက်မူးယစ် ရမ်းကားအော်ဟစ်နေချိန် အမည်မသိအမျိုးသားတဦးက ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။

"သူက (သေဆုံးသူ ရဲ) အဲ့နားမှာမူးပြီးရမ်းနေတယ်။ သေနတ်နဲ့ပစ်မယ်ဘာညာနဲ့ ခြိမ်းခြောက်ပြီး ရမ်းနေတာကို လာထွက်ရှင်းလိုက်တာလို့ ပြောတယ်။ တရားခံလည်းမမိဘူး လက်သည် လည်း မပေါ်ဘူး"လို့ ရပ်ကွက်နေအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ဓားနဲ့ထိုးခံရတဲ့ ရဲကို ပဲခူးဆေးရုံကိုတင်ပို့ချိန်မှာ သေဆုံးသွားပြီး ဖြစ်စဥ်ကို ရဲတွေဘက်ကသတင်းဖုံးထားလို့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ ထပ်မသိရတော့ဘူးလို့ ဆိုပါတယ်။

ဓားထိုးမှုဖြစ်တဲ့ညမှာ စစ်ကောင်စီတပ်နဲ့ ရဲပူးပေါင်းပြီး အင်းဝရပ်ကွက်တခုလုံးကို ညလုံး ပေါက်နီးပါး ဧည့်စာရင်းစစ်ဆေးပြီး ဓားနဲ့ထိုးခဲ့သူကို လိုက်လံရှာဖွေတာတွေပြုလုပ်ခဲ့ပေမယ့်  ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းအထိ ဖမ်းမိတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ပဲခူးမြို့ကို စစ်ကောင်စီဘက်ကအပြည့်အဝထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့က ညပိုင်းတွေမှာ ရပ်ကွက်တွေ ဧည့်စာရင်းစစ်တာ၊ နေ့ခင်းပိုင်းတွေမှာ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးငွေတောင်းတာတွေကို လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #နန်းဦး #ရဲ #ဓားထိုးခံရ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10