သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာမှာ လင်မယားစကားများရန်ဖြစ်ရာက အမျိုးသမီးဖြစ်သူ ဓားနဲ့ခုတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူမှာ အသက် ၄၉ နှစ်အရွယ် ဒေါ်မိုးမိုး ဖြစ်ပြီး ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီကျော်မှာ အမျိုးသားဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဦးမောင်ကျန်နဲ့ နေအိမ်အတွင်း စကားများရန်ဖြစ်ရာက ဓားနဲ့ခုတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
" ဘယ်ကနေဘယ်လို စကားများရန်ဖြစ်လဲ မသိဘူး။ လင်မယားနှစ်ယောက်က စကားများပြီး လင်က မိန်းမကို ဓားနဲ့ခုတ်တာ။ သေသွားတယ်လို့တော့ သိထားရတယ်။"လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
ဓားနဲ့ခုတ်ခံရလို့ အမျိုးသမီးဖြစ်သူမှာ ဦးခေါင်းနဲ့ ဘယ်ဘက်ပုခုံး၊ နောက်ကျောတွေမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ပဲခူးဆေးရုံပို့ဆောင်ချိန် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဓားခုတ်မှုကျူးလွန်ခဲ့တဲ့ ဦးမောင်ကျန်ကိုတော့ စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့တွေက ဖမ်းဆီးသွားပြီး ဇောင်းတူနယ်မြေရဲစခန်းအတွင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၈ ရက် ညပိုင်းမှာပဲ ပဲခူးမြို့၊ အင်းဝရပ်ကွက်၊ နန်းဦးစာသင်တိုက်အနီးမှာ မူးယစ်သောင်းကျန်းနေတဲ့ အမှတ် ၁ ရဲစခန်းက ရဲတဦးဓားထိုးခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ။
#မြေလတ်အသံ
#ပဲခူး #လင်မယား #ရန်ဖြစ် #ဓါးခုတ် #လူသတ်မှု
Share Share Share