ပဲခူးမှာ အမျိုးသား ၁ ဦး ဓာတ်လိုက်သေဆုံး

ပဲခူးမှာ အမျိုးသား ၁ ဦး ဓာတ်လိုက်သေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကလိကျေးရွာမှာ အမျိုးသား ၁ ဦးဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလိကျေးရွာသား အသက် ၄၈ နှစ်အရွယ် ဦးသိန်းစိုးဟာ ဒီဇင်ဘာ ၂၁ ရက်မနေ့မနက် ၈ နာရီလောက်က သူ့နေအိမ်ရှေ့မှာ ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

"သူမိသားစုဝင်တွေပြောပြချက်အရကတော့ သူက အိမ်အပြင်ဘက်က မီးကြိုးကိုထိန်းထားတဲ့ ဆိုင်းကြိုးကို ဖြုတ်ပြီး သူ့အိမ်သရက်ပင်မှာ သွားချိတ်တဲ့အချိန် ဓာတ်လိုက်သွားတာလို့တော့ ပြောတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။

ဓာတ်လိုက်လို့ ဦးသိန်းစိုးမှာ နေရာတင်လဲကျသေဆုံးခဲ့ပြီး ညာဘက်လက်ခလယ်မှာ မီးလောင်ဒဏ်ရာတခုကိုပဲ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဦးသိန်းစိုးအလောင်းကိုတော့ ဒေသခံတွေကသယ်ပြီး ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက်ကလည်း ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာမှာ မီးကြိုးပြင်ရာမှာ မီးကြိုးကိုပါးစပ်နဲ့ကိုက်ဖြတ်တဲ့ အမျိုးသား ၁ ဦး ဓာတ်လိုက်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကလိကျေးရွာ #ဓါတ်လိုက်သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10