ပဲခူးမှာ အုတ်တင်ကားကို တွဲကားက ဝင်တိုက်လို့ ၈ ဦးဒဏ်ရာရ

ပဲခူးမှာ အုတ်တင်ကားကို တွဲကားက ဝင်တိုက်လို့ ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဆယ်မိုင်ကုန်းအဆင်းမှာ တွဲကားနဲ့ အုတ်တင်ကားတိုက်ပြီး လူ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁ ရက် ညနေ ၄ နာရီလောက်မှာ ရန်ကုန်ဘက်ကနေ ပဲခူးဘက်ကို မောင်းလာတဲ့ ၂၂ ဘီးတွဲကားဟာ ဆယ်မိုင်ကုန်းအဆင်းအရောက်မှာ ရှေ့ကသွားနေတဲ့ အုတ်တင် ကန်တာ (Canter) ၆ ဘီးယာဥ်ကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဖြစ်တဲ့အချိန်က မိုးကလည်းရွာနေတယ်။ ကုန်းကလည်းအဆင်းဆိုတော့ တွဲကားကစလစ်ဖြစ်ပြီး အုတ်တင်ယာဥ်ကိုတိုက်ပြီး လမ်းလယ်ကျွန်းကိုပါ ခွကျော်လျက်ဖြစ်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် အုတ်တင်ကားပေါ်ပါ အင်းတကော်မြို့၊ စာသငယ်ကျေးရွာနေ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား အမျိုးသား ၇ ဦးနဲ့ တွဲကားမောင်းသူ ရန်ကုန်မြို့နေ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက ဒဏ်ရာပြင်းထန်သူ ၃ ဦးကို ပဲခူးဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။ 

မေ ၁၂ ရက်ကလည်း ပဲခူးမြို့နယ်၊ ဆယ်မိုင်ကုန်းအဆင်း ရန်ကုန်-ပဲခူးကားလမ်းမှာ Honda Acty ကားနဲ့ တွဲကားတိုက်ပြီး သားအဖ ၃ ဦး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ယာဥ်တိုက်မှု #ဒဏ်ရာရ #မှုခင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10