ပဲခူးမှာ ၂၂ ဘီးတွဲကားမှောက်လို့ အမျိုးသား ၂ ဦးဒဏ်ရာရ

ပဲခူးမှာ ၂၂ ဘီးတွဲကားမှောက်လို့ အမျိုးသား ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှောင်လမ်းမှာ သုံးဘီးယာဥ်ကိုရှောင်ရာမှ ကျောက်မှုန့်တင် ၂၂ ဘီးတွဲကား တိမ်းမှောက်ပြီး အမျိုးသား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၃၁ ရက်ညနေ ၄ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ ဝေါမြို့နယ်ဘက်ကို အသက် ၄၀ အရွယ်အမျိုးသားတဦး မောင်းနှင်လာတဲ့ တွဲကားဟာ လမ်းအတိုင်းမောင်းနှင်လာချိန် လမ်းကြားထဲကထွက်လာတဲ့ သုံးဘီးယာဥ်ကိုရှောင်ရမှာ တိမ်းမှောက်သွားခဲ့တယ်လို့ဆိုပါတယ်။

"ဝိတ်ကလည်းပါတယ်။ သုံးဘီးကိုလည်းရုတ်တရက်ရှောင်လိုက်လို့ မှောက်သွားတာ။ အဲဒီအချိန်မှာ အိမ်စီးကားတစီးကလည်း ရှောင်တာမြန်လို့။ မဟုတ်ရင် ကျောက်မှုန့်ကားအောက်မှာ (ကျောက်မှုန့်တွေအောက်မှာ) မြုပ်ပြီ"လို့ ဒေသခံတဦးက ပြောပါတယ်။

တွဲကားပေါ်ပါ ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက် ၂ ဦးမှာ ခြေထောက်နဲ့လက်တွေမှာ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး သူတို့ကို ဒေသခံတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် ကားမှောက်တဲ့နေရာတဝိုက်မှာ ယာဥ်ကြောပိတ်ဆို့မှု မိနစ် ၂၀ လောက်ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

၂၀၂၃ ဒီဇင်ဘာလ ၈ ရက်မနက်ပိုင်းမှာလည်း ပဲခူးမြို့ရှောင်လမ်း၊ ဝင်းစတားဆီဆိုင်ရှေ့မှာ ဆီဘောက်ဆာကားနဲ့ တွဲကားတိုက်မိပြီး ဆီဘောက်ဆာကား တိမ်းမှောက်ကာ ယာဥ်မောင်း လင်မယားနှစ်ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မြို့ရှောင်လမ်း #၂၂ဘီးတွဲကား #တိမ်းမှောက် #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10