ပဲခူးရိုးထဲ ဝါးခုတ်သွားသူချင်း ဓားခုတ်မှုဖြစ်လို့ အမျိုးသား ၁ ဦး သေဆုံး

ပဲခူးရိုးထဲ ဝါးခုတ်သွားသူချင်း ဓားခုတ်မှုဖြစ်လို့ အမျိုးသား ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဇလုပ်ကုန်းကျေးရွာအနီး ရိုးမထဲမှာ ဝါးခုတ်သွားသူချင်း ဓားခုတ်မှုဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းမှာ ဇလုပ်ကုန်းရွာသား အသက် ၄၉ နှစ်အရွယ် ဦးလူမုန်းနဲ့ အမျိုးသားတဦးတို့ဟာ ဝါးခုတ်နေရင်း စကားများရန်ဖြစ်ကြပြီး ဦးလူမုန်းရဲ့လည်ပင်းကို ဓါးနဲ့ ခုတ်ခဲ့တာလို့ ဆိုပါတယ်။ 

"ဘာကြောင့်စကားများပြီး ဓားနဲ့ခုတ်တဲ့အဆင့်ထိ ဖြစ်သွားလဲတော့ မသိရဘူး။ အလောင်းက ဆေးရုံရောက်လာမှ သိရတယ်။ သေသူကတော့ လည်ပင်းကပြတ်မတတ်ပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးလူမုန်းရဲ့အလောင်းကိုတော့ မိသားစုတွေရဲ့ဆန္ဒအရ အုတ်တွင်းမြို့သုသာန်မှာ ဇူလိုင် ၁၃ ရက်ညနေပိုင်းမှာ သင်္ဂြိုဟ်ခဲ့ကာ ဓားနဲ့ခုတ်ခဲ့သူကိုတော့ ရဲကဖမ်းသွားပြီး အုတ်တွင်းရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၁၀ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ကွမ်းသီးခြံကျေးရွာမှာ နေအိမ်မှာ ၁ ဦးတည်းနေတဲ့ အသက် ၆၀ အရွယ်အဖွားအို ၁ ဦး ဓားနဲ့ ခုတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ဝါးခုတ် #စကားများ #ဓါးခုတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10