ပဲခူးရိုးမပတ်လမ်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ဦး မိုင်းထိသေဆုံး

ပဲခူးရိုးမပတ်လမ်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ဦး မိုင်းထိသေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်ထဲက ရိုးမပတ်လမ်းကို ဝင်လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို တောင်ငူခရိုင် PDF က မိုင်းဆွဲတိုက်ခိုက်ပြီး ထိတွေတိုက်ပွဲဖြစ်ခဲ့တယ်လို့ ပဲခူးတိုင်း PDF တာဝန်ခံဆီက သိရပါတယ်။

ဧပြီလ ၆ရက် ဒီနေ့ မနက် ၆နာရီဝန်းကျင်မှာ တောင်ငူခရိုင် PDF တပ်ရင်း စတင်ဖြစ်ပွားခဲ့ပြီး တိုပ်ပွဲကြာချိန် ၁၀မိနစ်နီးပါးရှိခဲ့တယ်လို့ Bago Region PDF တာဝန်ခံက ပြောပါတယ်။ 

" သူတို့တက်လာတဲ့ လမ်းကြောင်းမှာ ပဒေသာရှေ့ထွက်မိုင်းဆွဲပြီး ဝိုင်းပစ်တာပါ၊ ပြန် ဆုတ်သွားပါတယ်၊ ကျနော်တို့ဖက်ကလည်း အင်အားမမျှတော့ လျှပ်တပြတ် တိုက်ခိုက်ပြီး ပြန်ဆုတ်တာပါ မျက်မြင် ၄ယောက်ကျသွားပါတယ်၊ မိုင်းဆွဲတဲ့အချိန်ပါသွားတာပါ" လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ခြေလျင်တက်လာတဲ့ အင်အား ၅၀ကျော်ပါတဲ့ စစ်ကြောင်းကို တပ်ခွဲ ၃ တပ်စုမှူး စနိုက်ပါဦးဆောင်တဲ့ YPDF တပ်ဖွဲ့တွေက ရေတာရှည်မြို့နယ် မရိုးခုံကျေးရွာ မြောက်ဘက် စိန်တောင်လမ်း မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းမှာ စစ်ကောင်စီနဲ့ ခရိုင် PDF တို့ အခုလ ၆ရက်အတွင်းမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး အသေးစားတိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10