ပဲခူးရိုးမအစပ်က ပြည်သူတွေ ပူးပေါင်းခြင်းမရှိရင် နေအိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ပဲခူးရိုးမအစပ်က ပြည်သူတွေ ပူးပေါင်းခြင်းမရှိရင် နေအိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ပဲခူးရိုးမအနောက်ဘက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်ထဲက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီနဲ့ ပူးပေါင်းမှုမရှိပါက နေအိမ်တွေကို မီးရိူ့ပစ်မယ်ဆိုကာ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအထဲမှာ ကပစတပ်က စစ်သားတွေအများစုဖြစ်ပြီး စစ်မူထမ်းဟောင်းတွေနဲ့  ပျူစောထီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

"တောင်ခြေရွာတွေက ကြောက်လို့ ထွက်ပြေးတဲ့ အိမ်တွေမှာနေပြီး မွေးထားတဲ့ ကြက်တွေ  ဝက်တွေ အကုန်ချက်စားတယ်  ဆိုင်ကယ်တွေဆို သပ်သပ်ယူကိုသွားတာ ၅စီးရှိပြီ ရိက္ခာဆိုလဲ ဆိုင်တွေမဖွင့်ရဲတော့ဘူး ဝိုင်းအုပ်စုထဲက တာဝါတိုင်ရွာ ကန့်နီရွာ၊ မြေပြာရွာ ချောင်းစောက်ရွာ  ကိုင်းချိုကြီးရွာ အဲဒီ ၅ရွာကို သူတို့ဘက်မပါရင် မီးရှို့ပစ်မယ်လို့ စစ်တပ်က ရွာထဲမှာ ခြိမ်းခြောက်တာ က.ပ.စတပ်ရယ် စစ်သားဟောင်းတွေရယ် ပျူတွေရယ် ပါတယ်လေ" လို့ ဒေသခံတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတွေမှာ လက်နက်ငယ်တွေအပြင် RPG ၅ လက်၊ ၄၀ မမ ဗုံးသီးတွေလည်းပါဝင်ပြီး နေ့စဥ်သောက်စားမူးယစ်နေကြသလို နေအိမ်အတွင်းက ပစ္စည်းတွေကို အုပ်စုဖွဲ့ ခိုးယူတာအပြင် တဦးချင်းခိုးယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ မကြာခဏ စစ်ကောင်စီနဲ့ ဒေသခံ ပီဒီအက်ဖ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အထိနာနေတာလည်းဖြစ်သလို စစ်ကောင်စီက အခုလိုရွာထဲမှာ ဝင်ရောက်တပ်စွဲနေတဲ့ အတွက် ဒေသခံ ရွာသားတွေဟာ နေအိမ်တွေကို စွန့်ခွာပြေးနေရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10