ပဲခူးရေကြီးမှုကြောင့် ရေမြုပ်သွားတဲ့လယ်တွေအတွက် ကူညီမယ့်သူ မရှိသေး

ပဲခူးရေကြီးမှုကြောင့် ရေမြုပ်သွားတဲ့လယ်တွေအတွက် ကူညီမယ့်သူ မရှိသေး

ပဲခူးရေကြီးမှုမှာ ရေနစ်မြုပ်သွားတဲ့ လယ်ကွင်းတွေ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် အကူအညီပေးမယ့်သူ မရှိသေးဘူးလို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

ပဲခူးရေပြန်ကျသွားတာဟာ ၂ ပတ်ကျော်ရှိလာပေမယ့် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေက ရေကြီးနစ်မြုပ်ပျက်စီးသွားတဲ့ လယ်ယာမြေစာရင်းနဲ့ တောင်သူတွေရဲ့ အခက်အခဲတွေကို ဒီနေ့အထိ လာရောက်စုံစမ်းမေးမြန်တာမျိုး မရှိသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။ 

"လက်ရှိ အုပ်ချုပ်တယ်ဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေရော၊ မြေစာရင်းဆိုတဲ့သူတွေရော ဘယ်သူမှ မလာသေးဘူး။ ဘယ်ကမှန်းမသိတဲ့ အဖွဲ့တွေကတော့ ဖုန်းဆက်မေးတာတော့ရှိတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဘာအကူအညီမှ မရသေးဘူး" လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

လက်ရှိမှာ တောင်သူတွေအနေနဲ့ မျိုးစပါး၊ ငွေကြေး၊ နည်းပညာနဲ့ မြေဩဇာစတဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

ပဲခူးမြို့ရေကြီးနစ်မြုပ်မှုမှာ မြို့ခံလူမှုကူညီရေးအသင်းတွေ၊ အနီးနားမြို့တွေက လူမှုကူညီရေးအသင်းတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ပေးခဲ့တာဖြစ်ပြီး စစ်ကောင်စီကတော့ တချို့လူမှုကူညီရေးအသင်းကလူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပါသေးတယ်။ 

ပဲခူးမြို့နယ်မှာ အခုနှစ် အောက်တိုဘာ ၇ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ရေကြီးမှုအဆိုးရွားဆုံးကြုံတွေ့ခဲ့ရပြီး မိုးစပါးစိုက်ကွင်းတွေမှာ ရေအမြင့် ၁၀ ပေကျော်ထိရောက်ခဲ့ကာ စပါးပင်အဖျားတောင်မမြင်ရဘဲ လယ်ကွင်းတွေဟာ ရေပြင်ကြီး ဖြစ်သွားခဲ့တယ်လို့ တောင်သူတွေက ဆိုပါတယ်။

ရေကြီးနစ်မြုပ်လို့ ပဲခူးမြို့နယ်အတွင်းက မိုးစပါးစိုက်ဧက ၃၀,၀၀၀ ကျော် ပျက်စီးသွားတယ်လို့ ပဲခူးမြို့နယ် မြေစာရင်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ပဲခူးမြို့နယ်အတွင်းမှာ နှစ်စဥ်မိုးစပါး ဧက ၁၁၀,၀၀၀ ကျော်စိုက်ပျိုးပြီး စပါးတင်းပေါင်း ၅ သန်းကျော် ထွက်ရှိတယ်လို့ စစ်ကောင်စီ လယ်ယာမြေစာရင်းဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#ပဲခူးရေကြီးမှု #ပဲခူးမြို့ #စပါး #လယ်ကွင်း #ရေနစ်မြုပ် #စစ်ကောင်စီ #တောင်သူ #အကူအညီလိုအပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10