ပဲခူး အထက ၄ မှာ အုပ်စုဖွဲ့ ဝိုင်းထိုးတဲ့ ကျောင်းသား ၇ ဦး ရဲစခန်းနဲ့ကျောင်းမှာခံဝန်ထိုးရ

ပဲခူး အထက ၄ မှာ အုပ်စုဖွဲ့ ဝိုင်းထိုးတဲ့ ကျောင်းသား ၇ ဦး ရဲစခန်းနဲ့ကျောင်းမှာခံဝန်ထိုးရ

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းမြောက်ရပ်ကွက်၊ ပဲခူးဘူတာအနီးရှိ အထက ၄ ကျောင်းမှာ အတန်းတူ ကျောင်းသား ၁ ဦးကို အုပ်စုဖွဲ့ထိုးကြိတ်ခဲ့တဲ့ ကျောင်းသား ၇ ဦး ရဲစခန်းနဲ့ ကျောင်းမှာ ခံဝန်ထိုးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နောက်ပိုင်းမှာ ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့ကျောင်းသား ၇ ဦးနဲ့မိဘတွေကို ကျောင်းနဲ့ မြို့မရဲစခန်းကခေါ်ပြီး နှစ်ဖက်ညှိနှိုင်းပြီးနောက်မှာ နစ်နာသူကျောင်းသားမိဘဘက်က ခံဝန်နဲ့ ကျေအေးပေးလိုက်တယ်လို့ ဆိုပါတယ်။

"နစ်နာသူကျောင်းသားမိဘ ဘက်ကတော့ ဝိုင်းထိုးတဲ့ ကလေးတွေရဲ့ရှေ့ရေးကို ကြည့်ပြီး ခံဝန်နဲ့ပဲ ကျေအေးပေးလိုက်တယ်။ ရဲစခန်းမှာတော့ ဝိုင်းထိုးတဲ့ကျောင်းသားတွေဘက်ကလည်း တောင်းပန်တယ်လို့ သိရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ အထက ၄ ကျောင်းရှိ ၇ တန်း (B) စာသင်ခန်းထဲမှာ အင်္ဂလိပ်စာ ဆရာမကို မောင်မြင့်မြတ်သာက စာနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ကျန်သေးတယ်လို့ သတိပေးခဲ့ရာ အဲဒီလို သတိပေးမှုကို မကျေနပ်တဲ့ အတန်းတူကျောင်းသား ၇ ဦးက မောင်မြင့်မြတ်သာကို "စာရနေလို့ မင်းကဆရာကြီးလား” ဆိုပြီး လှောင်ပြောင်ကာ ဖိနပ်နဲ့ရိုက်၊ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတာပါ။ 

ဝိုင်းဝန်းထိုးကြိတ်ခံရလို့  မောင်မြင့်မြတ်သာဟာ မျက်နှာနဲ့ဦးခေါင်းတွေမှာ ဖူးယောင်ဒဏ်ရာတွေရခဲ့လို့ ပဲခူးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ဆေးကုသမှုခံယူခဲ့ပြီး လက်ရှိအချိန်ထိ ရရှိဒဏ်ရာတွေ သက်သာပျောက်ကင်းအောင် ဆေးထိုးဆေးသောက်လုပ်နေရကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ခံစားနေရသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အထက၄ #ကျောင်းသားချင်းအုပ်စုဖွဲ့ထိုးကြိတ်မှု #ထိခိုက်ဒဏ်ရာရ #ခံဝန်ထိုး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10