ပဲခူးအနောက်ခြမ်းမှာ ၂ လအတွင်း ရပ်ကျေးအဖွဲ့၀င် ၁၀၀ ကျော် ကျန်းမာရေးအကြောင်းပြ နုတ်ထွက်

ပဲခူးအနောက်ခြမ်းမှာ ၂ လအတွင်း ရပ်ကျေးအဖွဲ့၀င် ၁၀၀ ကျော် ကျန်းမာရေးအကြောင်းပြ နုတ်ထွက်

ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်‌တွေဖြစ်တဲ့ ရပ်ကွပ်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ကုန်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းမှာ စစ်ကောင်စီခန့်ရပ်ကျေးအဖွဲ့ဝင်တွေကို ကာကွယ်ရေးအဖွဲ့တွေက ခပ်စိပ်စိပ် ရှင်းလင်းရေးလုပ်ဆောင်လာတဲ့အတွက် ရပ်ကျေးအဖွဲ့ဝင်တွေအနေနဲ့ အသက်ဘေးအန္တရာယ် လုံခြုံမှုမရှိတော့တာကြောင့် ဩဂုတ်လ ပထမပတ်မှ စတင်ကာ ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ကုန်ကြတယ်လို့ သိရပါတယ်။

"အခုက အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ ရှင်းလင်းခံလာရတော့ ကျနော်တို့လည်း ဘေးအန္တရာယ်က စိတ်မချရတော့ဘူး။ စစ်ကောင်စီကလည်း မကာကွယ်ပေးနိုင်ဘူးလေ။ သူတို့တောင်တချိန်လုံးအပစ်ခံနေရတာ။ ဒီအတိုင်း ထွက်ခွင့်ကလည်းပေးမှာ မဟုတ်တော့ ကျန်းမာရေးအကြောင်းပြရတာနေမှာပေါ့" လို့ အုတ်ဖိုမြို့တွင် နေထိုင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ယခုသြဂုတ်လအတွင်း ထွက်စာတင်နုတ်ထွက်ထားတဲ့ ရပ်ကျေးအဖွဲ့ဝင်ပေါင်း ၁၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

အုတ်ဖို့မြို့၊ ဖလံပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်၊ အောက်ကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မင်းလှမြို့နယ် လက်ဆက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်၊ ရွှေကြီးမြင့်ရပ်ကွက် ရာအိမ်မှူး ဦးအောင်ဇော်ဦးတို့က ကျန်းမာရေးကြောင့်နုတ်ထွက်ခဲ့တယ်လို့ အချက်အလက်များအရသိရပါတယ်။

ယခုဩဂုတ်လအတွင်း ပေါင်းတည်မြို့နယ်က အုပ်ချုပ်ရေးမှူးဇော်လင်းအောင်အပါအ၀င် စရဖ သတင်းပေး ဗိုလ်ကျင်၊ ပျူစောထီးအဖွဲ့၀င် အေးလွင်ဦးနဲ့ဇနီး၊ ပျူစောထီးအဖွဲ့၀င် ငသောင်းလေးတို့ကို ပဲခူးတိုင်းဒေသကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းမှု တွေလုပ်ဆောင်ခဲ့ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးအနောက်ခြမ်း #သာယာဝတီခရိုင် #ရပ်ကျေးအုပ်ချုပ်ရေး #စစ်ကောင်စီ #ကျန်းမာရေး #ပျူစောထီး #စရဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10