ပဲခူးအရှေ့ခြမ်းမှာ PDF နဲ့ ပြည်သူအကြား တွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ခဲ့

ပဲခူးအရှေ့ခြမ်းမှာ PDF နဲ့ ပြည်သူအကြား တွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ခဲ့

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိ မြို့နယ်တွေမှာဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအကြား တွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

 

ဇူလိုင် ပထမအပတ်အတွင်းက စတင်ကာ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ နယ်မြေအတွင်းကျေးရွာတွေဆီသွားရောက်ခဲ့ပြီး ပြည်သူတွေနဲ့တွေ့ဆုံကာ စည်းရုံးဆွေးနွေးဟောပြောမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

 

" ပြည်သူတွေထံ စည်းရုံးရေးသွားတဲ့သဘောနဲ့ သွားရောက်တွေ့ဆုံကြတာရှိတယ်။ ခုလို ပြည်သူတွေနဲ့ တွေဆုံနိုင်တာက PDF တွေရဲ့နယ်မြေစိုးမိုးလာနိုင်မှု အခြေနေတရပ်ကို ပြည်သူတွေသိအောင် လုပ် ဆောင်ပြတာပါ။ ပြည်သူတွေက ရဲဘော်တွေကိုတွေ့တော့ အားရဝမ်းသာကြိုဆိုကြပါတယ်" လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

 

ပြည်သူတွေနဲ့တွေဆုံချိန်မှာတော့ စစ်ကောင်စီကို တော်လှန်နေတဲ့လုပ်ငန်းစဉ်နဲ့ လူထုရဲ့လိုလားချက်တွေကို မေးမြန်းခဲ့သလို ပြည်သူတွေဘက်ကလည်း သူတို့သိရှိလိုတာနဲ့ လိုအပ်ချက်တွေကို ပြောပြခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ယခုလို ပြည်သူနဲ့ PDF တွေ့ဆုံမှုကိုတော့ ပဲခူးတိုင်းအရှေ့ခြမ်းက ကျေးရွာ ၁၀ ရွာလောက်မှာ လုပ်နိုင်ခဲ့ပြီးနောက်ထပ်ကျေးရွာတွေက ပြည်သူတွေနဲ့တွေ့ဆုံနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

 

ပဲခူးတိုင်းအတွင်းမှာ စစ်ရေးလှုပ်ရှားမှု အရှိန်ပိုမြှင့်လာမှာဖြစ်သလို တဖက်မှာလည်း ပြည်သူနဲ့ PDFတွေရဲ့ တွေ့ဆုံပွဲတွေကို ဟန်ချက်ညီညီ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီနေရာတွေကို တန်ပြန်ထိုးစစ် အရှိန်အဟုန်မြှင့်သွားမယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

တန်ပြန်ထိုးစစ်ပြုလုပ်မှာဖြစ်လို့ ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတွေမှာ ပြည်သူတွေအနေနဲ့  ည ၆ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအတွင်း ခရီးမသွားလာကြဖို့လိုတယ်လို့ ဆိုပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #အရှေ့ခြမ်း #PDF #ပြည်သူ #တွေ့ဆုံပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10