ပဲခူးPDF က M-79 လက်နက် အလက် ၄၀ အထိ ထုတ်လုပ်ထားနိုင် (ရုပ်/သံ)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို ထိရောက်စွာ တိုက်ခိုက်နိုင်ဖို့ M-79 တွေကို ထုတ်လုပ်လာတာ ၄ လတာ ကာလကို ရောက်ရှိလာပြီလို့ သိရပါတယ်။

 

M-79 တွေကို ထုတ်လုပ်တဲ့နေရာမှာ ငွေကြေး၊ နည်းပညာ၊ ကုန်ကြမ်းပစ္စည်းရရှိမှု အခက်ခဲတွေ ပေါင်းစုံကြားကနေ အောင်မြင်စွာ ထုတ်လုပ်နိုင်နေပြီး အလက်ရေ ၄၀ လောက်ထိ ထုတ်လုပ်ထားနိုင်ပြီလို့ ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုရဲထွဋ်က ပြောပါတယ်။

M-79 တလက်ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ထိုင်းဘတ်ငွေ ၂သောင်းကျော် မြန်မာငွေကျပ်နဲ့ဆိုပါက ကျပ်သိန်း ၂၅ သိန်းကျော် ကုန်ကျတယ်လို့ ဆိုပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ M-79 တွေဟာ မီတာ ၄၀၀ အကွာအဝေးလောက်ထိ ပစ်ခတ်နိုင်ပြီး စစ်ကောင်စီ ကင်းစခန်း၊ တပ်ရင်းနဲ့ယာဥ်တန်းဖြတ်တောက်တာတွေကို ပိုလုပ်လာနိုင်တော့မယ်လို့ သိရပါတယ်။

ထုတ်လုပ်ရရှိထားတဲ့ M-79 တွေကို မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေအပြင် နည်းပညာ၊ လက်နက် လိုအပ်ချက်ရှိတဲ့ တော်လှန်ရေးအဖွဲ့တွေထံကို မျှဝေပေးသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10