ပဲခူး၊ ပြည်၊ မကွေးနဲ့ မန္တလေးတို့မှာ ညမထွက်ရအမိန့်တွေကို ပယ်ဖျက် (ရုပ်/သံ)

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ပြည်မြို့အပြင် မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့ကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ညမထွက်ရ အမိန့်ပယ်ဖျက်ကြောင်းကို အောက်တိုဘာ ၂၇ ရက်ညမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မြို့အတွင်း အသံချဲ့စက်နဲ့ လိုက်လံအော်ကာ အသိပေးခဲ့တာလို့ ဆိုပါတယ်။

အလားတူ မကွေးမြို့မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က စတင်ပြီး ညမထွက်ရအမိန့်ကို ပယ်ဖျက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့မှာတော့ အောက်တိုဘာ ၂၇ ရက်က စပြီး ညမထွက်ရအမိန့်ကိုပယ်ဖျက်ကြောင်း ရပ်ကွက်လမ်းတွေပေါ်မှာ ထွေအုပ်က လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက မူလထုတ်ပြန်ထားသည့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း မထွက်ရအမိန့်များကို ပယ်ဖျက်လိုက်ခြင်းဖြစ်ပြီး ညအချိန်သွားလာနိုင်ကြပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ အမိန့်ပယ်ဖျက်လိုက်တဲ့ မြို့သီးသီးမှာ တည်ငြိမ်အေးချမ်းလာပြီဖြစ်လို့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး တည်ဆောက်လာနိုင်လို့ ပယ်ဖျက်လိုက်တာလို့ ဖော်ပြထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ပုဒ်မ၁၄၄ #မာရှယ်လော #မကွေး #ပဲခူး #ပြည် #စစ်ကောင်စီ #ထွေအုပ် #Martial_Law

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10