ပဲခူး-မွန်အစပ်က ကင်းစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်နဲ့အစပ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးမှာရှိတဲ့ ခမရ ၂၀၇ ကင်းစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရတယ်လို့ ဝေါမြို့နယ်ပကဖထံက သိရပါတယ်။

ဇူလိုင်လ ၂၃ ရက် ဒီနေ့မနက် ၆ နာရီ ၃၀ မိနစ်ခန့်မှာ အင်အား ၁၅ ဦးခန့်ရှိနေတဲ့ ကုက္ကိုင်ပင်ကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့တာမှာ အခုလိုဒဏ်ရာရခဲ့တာ လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦးထိခိုက်ဒဏ်ရာရပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွါလာပေမယ့် ခမရ ၂၀၇ တပ်ဘက်ကနေ ကျေးရွာတွေဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ KNLA တပ်မဟာ ၁၊  ABSDF တပ်ဖွဲ့နဲ့ ဝေါ (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ ၁၀ ရက်န ညနေပိုင်းကလည်း ပဲခူးနဲမွန်အစပ်က ဝေါမြို့နယ်၊ သပြေကန်စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးသီးတလုံးချတိုက်ခိုက်တာ ခံရသလို မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ၄၀ မမ တွေနဲ့ပစ်ခတ်တာခံရပြီး စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကျိုက်ထို #ပဲခူး-မွန်အစပ် #စစ်ကောင်စီ #ကင်းစခန်း #တိုက်ခိုက်ခံရ #ထိခိုက် #စစ်အုပ်စု  #PDF  #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10