ပဲနွယ်ကုန်းမှာ အမျိုးသား ၁ဦး မိုင်းနင်းမိလို့ ခြေထောက်တဖက်ဖြတ်လိုက်ရ

ပဲနွယ်ကုန်းမှာ အမျိုးသား ၁ဦး မိုင်းနင်းမိလို့ ခြေထောက်တဖက်ဖြတ်လိုက်ရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ အောင်မြေရပ်ကွက် သုသာန်အနီးမှာ မိုင်းထိပြီး အမျိုးသား ၁ ဦး ခြေထောက်တဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၃ ရက် ဒီမနက် ၉ နာရီခန့်မှာ အောင်မြေရပ်ကွက်နေ ၂၉ နှစ်အရွယ် အောင်ကိုကို ဟာ သုသာန်ဘက်ကိုသွားစဥ် မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

"သိရသလောက်က နွားကျောင်းသွားရင်း အဲ့ဘက်ရောက်သွားတာလို့ သိရတယ်။ အဲဒီမှာ မိုင်းနင်းမိတာ။ စိုးရိမ်အခြေအနေတော့ရှိတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

မိုင်းနင်းမိလို့ ကိုအောင်ကိုကိုမှာ ဘယ်ဘက်ခြေသလုံးထိခိုက်မှုများတာကြောင့် ဖြတ်လိုက်ရပြီး ဒူးခေါင်းနဲ့ ညာဘက်ခြေထောက်မှာ အစမှန်ဒဏ်ရာ(စိုးရိမ်ရ)ရသွားတာကြောင့် ဒေသခံတွေက ကျောက်တံခါးဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပဲနွယ်ကုန်းမြို့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခုပေါက်ကွဲခဲ့တဲ့မိုင်းကို ဘယ်ဘက်ကထောင်ထားတယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ဇန်နဝါရီလ ၂၁ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီး သဲကောကျေးရွာမှာ လမ်းဘေးကောက်တွေ့တဲ့ ဗုံးကိုဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတဦး ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပဲနွယ်ကုန်း #မိုင်းထိ #မြေမြှုပ်မိုင်း #ထိခိုက် #အမျိုးသားတဦး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10