ပျုရွာကို PDF တွေဝင်တိုက်ခိုက်လို့ ၁၀ဦးသေ ၁၈ဦးအရှင်ဖမ်းမိ( ရုပ်/သံ)

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေ ရဲတွေ နဲ့ ပျူတွေကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရွာမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၃၀ နီးပါးနဲ့ ရှိနေပြီး ညနေ ၄နာရီမထိုးခင်ကနေ ည ၈နာရီခွဲလောက်အထိ နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပေမယ့် အပြန်အလှန်တိုက်ပွဲကတော့ ၁နာရီဝန်းကျင် ကြာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က စုစုပေါင်း ၁၀ဦးသေဆုံးခဲ့ပြီး ၁၈ဦးကို အရှင်ဖမ်းမိကာ လက်ရှိမှာ NUG ရဲ့ လမ်းညွှန်ချက်နဲ့ ဆက်ပြီးအရေးယူသွားဖို့စီစဥ်ထားတယ်လို့ FIRE Dragon (KU) ဗိုလ်ပျောက်ကြီးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုတိုက်နယ် 1 ၊ ခင်ဦးတိုက်နယ် 2 ၊ FIRE Dragon (KU) ၊ Khin U Local Guerrrilla Force (KUGF) ၊ LOCAL BLOOD BROTHER GUFRRILLA HERO(ku) ၊ D. U. G. F(ku) ၊ BLACK EAGLE Local PDF ၊ ONEDAY REVOLUTION FORCE (Shwe Bo) ၊ မြင်းပျံ Local PDF နှင့် နယ်မြေခံကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10