ပျူခေါင်းဆောင်ပါတဲ့ ဖဲဝိုင်းကိုတိုက်ခိုက်ခံရလို့ ဖုန်းဆက်သတင်းမေးသူကို PDF ကစနောက်( ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က စစ်တပ်နဲ့ ပျူစောထီးခေါင်းဆောင်တွေ ဦးဆောင်လုပ်နေတဲ့ ဖဲဝိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခံရတဲ့သတင်းကြားလို့ ဖုန်းဆက်သတင်းမေးသူကို PDF တွေဘက်က ပျူစောထီးဟန်ဆောင်ကာ ဖုန်းလက်ခံဖြေဆိုခဲ့ကြပါတယ်။

ဖဲဝိုင်းကို တိုက်ခိုက်ချိန် သေဆုံးသွားတဲ့ ပျူခေါင်းဆောင် ကျော်ကိုကိုဆိုသူရဲ့ ဖုန်းကို ဆက်သွယ်သတင်းမေးလာချိန်မှာ PDF တွေက စနောက်ကာ ပြန်ဖြေခဲ့ကြတာပါ။

စစ်တပ်နဲ့ ပျူစောထီးခေါင်းဆောင်တွေ ဦးဆောင်လုပ်နေတဲ့ ဖဲဝိုင်းကို ဇန်နဝါရီ ၇ ရက် မနေ့က မွန်းလွဲ ၂ နာရီမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးနဲ့ စစ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။

စစ်အုပ်စုလုံခြုံရေးယူထားတဲ့ ဖဲဝိုင်းကို ဝင်တိုက်လို့ ပျူစောထီး ၄ ဦးအပါ ၅ ဦးသေဆုံး

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10