ပျူစောထီးခေါင်းဆောင်ကိုပစ်ခတ်စဥ် အရပ်သား ၁ ဦးပါ သေဆုံးခဲ့ရလို့ ကဝ ပကဖ တောင်းပန်

ပျူစောထီးခေါင်းဆောင်ကိုပစ်ခတ်စဥ် အရပ်သား ၁ ဦးပါ သေဆုံးခဲ့ရလို့ ကဝ ပကဖ တောင်းပန်

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဝက်တဲကွေ့နဲ့ ပျော်ဘွယ်ရွာကြား သက္ကလ-သရက်ကုန်းချောင်းရိုးလမ်းပေါ်မှာ ပျူစောထီးခေါင်းဆောင်ကိုပစ်ခတ်စဥ် အရပ်သား ၁ ဦးပါ ထိမှန်သေဆုံးခဲ့တဲ့အတွက် နစ်နာသူ မိသားစုနဲ့ပြည်သူကို တောင်းပန်ကြောင်း ကဝပြည့်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က ရွှေပေါက်ပင်ကျေးရွာနေ ပျူစောထီးခေါင်းဆောင် မောင်အိဟာ ထော်လာဂျီ တစီးနဲ့လိုက်ပါလာစဥ် ကာကွယ်ရေးရဲဘော်တွေက ဆိုင်ကယ်နဲ့လိုက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူစောထီးမောင်အိကို ထိမှန်ခဲ့သလို ထော်လာဂျီပေါ်ပါလာတဲ့ ရွှေပေါက်ပင်ရွာသား ကိုအောင်သူ ဆိုသူကိုပါ ထိမှန်ခဲ့ပါတယ်။

"ဂွန်ဒေါင်း(ထော်လာဂျီ)ကလည်း သွားနေချိန် ကျနော်တို့ရဲဘော်တွေကလည်း ဆိုင်ကယ်ပေါ်ကနေ လှုပ်ရှားပစ်မှတ်ကို ပစ်ခတ်ရတာဖြစ်လို့ မဆိုင်သူပါ ထိခိုက်သေဆုံးသွားရတဲ့အပေါ် များစွာ စိတ်မကောင်းဖြစ်ရတယ်။ နစ်နာသူမိသားစုကိုလည်း များစွာတောင်းပန်ပါတယ်။"လို့ ကဝမြို့နယ် ပကဖ တာဝန်ခံကပြောပါတယ်။

ဒီဖြစ်စဥ်အတွက် ကဝမြို့နယ် ပကဖတဖွဲ့လုံးအနေနဲ့ နစ်နာသူမိသားစုကို အနူးအညွတ် တောင်းပန်အပ်ပြီး တော်လှန်ရေးအလွန်ကာလမှာ ဥပဒေအရ စစ်ဆေးအပြစ်ပေးအရေးယူခြင်းကို ကျေနပ်စွာ ခံယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်မှာ ပျူစောထီးခေါင်းဆောင် မောင်အိက နေရာတင်သေဆုံးသွားပြီး အရပ်သား ကိုအောင်သူကတော့ ပဲခူးဆေးရုံကို ပို့ဆောင်ချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီးအပါအဝင် သူတို့နဲ့ဆက်စပ်သူတွေရဲ့ အနီးအနားဝန်းကျင်ကို သွားလာနေထိုင်တာ၊ အတူသွားလာတာတွေမလုပ်ကြဖို့ အကြိမ်ကြိမ် မေတ္တာရပ်ခံထားတယ်လို့ ကဝမြို့နယ် ပကဖ တာဝန်ခံကပြောပါတယ်။

ပျူစောထီးခေါင်းဆောင် မောင်အိဟာ စစ်ကောင်စီအာဏာသိမ်းချိန် ၂၀၂၁ ကာလကတည်းက စစ်ကောင်စီ၊ ရဲတွေနဲ့ပူးပေါင်းကာ နည်းလမ်းပေါင်းစုံနဲ့ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနေသလို စစ်ကောင်စီဝင်ငွေရဖို့ လောင်းကစားဝိုင်းတွေထောင်က ငွေရှာပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။ 

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ကဝမြို့နယ်ထဲမှာ စစ်ကောင်စီဒေါက်တိုင်၊ သတင်းပေး၊ ဒလန်ဆိုသူတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို စစ်ရေးပစ်မှတ်ထားပြီး ရှင်းလင်းနေတာကြောင့် စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီး၊ သတင်းပေးဒလန်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀ ဦးထက်မနည်း ရှင်းလင်းထားနိုင်တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#သတင်း #ပျူစောထီးခေါင်းဆောင် #ပစ်သတ် #အရပ်သား #တောင်းပန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10