ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး စစ်ကူလာတဲ့စစ်ကားပါမိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်( ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့‌နယ်၊ အောင်မိုးလမ်းခွဲအနီးက ပျူစောထီးရွာဖြစ်တဲ့ ဇီးတောရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ ခမရ ၂၅၈ တပ်က ကားကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို PDF ဆီက သိရပါတယ်။

ဒေသခံတွေကို အနိုင်ကျင့်ဆပ်ကြေးကောက်နေတဲ့ အဲ့ဒီပျူရွာကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ​တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့လို့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ Mi 35 ရဟတ်ယာဥ်တွေနဲ့ ၁ နာရီကျော်ကြာလှည့်လည်ပစ်ခတ်ခဲ့တယ်လို့  ရေစကြို PDF တာဝန်ရှိသူ ရဲဘော်ဝေကြီးက မြေလတ်အသံ ပြောပါတယ်။

ဒီထိခိုက်သေဆုံးမှုတွေကို ဒေသခံတွေရဲ့ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ပကဖ နဲ့ ပခုက္ကူခရိုင်တပ်ရင်းအမှတ် ၉တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်- CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10