ပျူစောထီးတွေပါတဲ့ တပ်မ ၃၃ စစ်ကြောင်း ဆားတောင်မှာတိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်မှာ စစ်အုပ်စုနဲ့  PDF မဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ၂ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

ဆားတောင်မြို့နယ်၊ ဆားတောင်မရဲစခန်းကနေ ထွက်လာတဲ့ ဆားတောင်ရွာပျူစောထီးအပါအဝင် တပ်မ ၃၃ စစ်သား အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ ဆားတောင်မြို့နယ် ကူကြီးကုန်းရွာ စားသောက်ဆိုင်တွေအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီကျော်လောက်က တိုက်ပွဲစတင်ခဲ့ပြီး ညနေ ၃ နာရီဝန်းကျင်မှာ တိုက်ပွဲပြီးသွားတယ်လို့ Bo Tiger-ဗိုလ်ကျားကြီး ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

"သူတို့စစ်ကြောင်းကို ကျနော်တို့ဝိုင်းမိထားတာ။ ၂ ယောက်ကတော့ သေသွားတယ်။ တော်တော်များများလည်း ဒဏ်ရာရတယ်။ ကျနော်တို့ဘက်က ပစ်ကြတော့ ပိတ်မိနေတော့ လက်နက်ချမယ်ဆိုပြီး လက်ထောင်တယ်။ လက်နက်ချမယ်ဆိုတော့ ကျနော်တို့ဘက်ကပစ်တာ နားပေးလိုက်တယ်" လို့ ပြောပါတယ်။

အပစ်ရပ်ပေးလိုက်ပေမယ့် စစ်ကောင်စီဘက်က လေယာဥ်ပစ်ကူရောက်လာတာကြောင့် လက်နက်မချတော့ဘဲ လေယာဥ်က ပစ်ကူပေးထားပြီး တပ်ပြန်ဆုတ်သွားခဲ့ကြတာလို့ ပြောပါတယ်။

နေ့လယ် ၂နာရီလောက်မှာ မုံရွာ နမခ ကနေ ရဟတ်ယာဥ်နဲ့ ၁၂ကြိမ်နီးပါးပတ်ကာ ၁နာရီနီးပါးကြာအောင်ပစ်ကူပေးခဲ့ကာ အဲ့ဒီစစ်ကြောင်းကတော့ သူတို့ထွက်လာတဲ့ ဆားတောင်မရဲစန်းထဲကို ပြန်ဝင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲကို ရွှေဘိုခရိုင် တပ်ရင်း ၁၈က ဦးဆောင်ပြီး Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့ အပါအဝင် Local နဲ့ မဟာမိတ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ဆားတောင်သတင်း #သတင်း #စစ်ကိုင်း #ဆားတောင် #တပ်မ၃၃ #ပျူစောထီး #တိုက်ပွဲသတင်း #တိုက်ပွဲ #နမခ #ဗိုလ်ကျားကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10