ပျူစောထီးတွေဖမ်းလာတဲ့ တောပုရွာက ဓားစာခံပြည်သူ ၂ ဦးကို MBT တပ်ဖွဲ့ ကယ်ထုတ်

ပျူစောထီးတွေဖမ်းလာတဲ့ တောပုရွာက ဓားစာခံပြည်သူ ၂ ဦးကို MBT တပ်ဖွဲ့ ကယ်ထုတ်

စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက ဓားစာခံအဖြစ်ဖမ်းဆီးလာတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တောပုရွာက ပြည်သူ ၂ ဦးကို Myingyan Black Tiger-MBT တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်လာနိုင်ခဲ့ပါတယ်။ 

စစ်ကောင်စီတပ်သားတွေနဲ့ တလုတ်ရွာ၊ ကန်ဆွယ်ရွာက ပျူစောထီးတွေဟာ ဧပြီ ၁၀ ရက်မှာ MBT ဌာနချုပ် တပ်ခွဲနယ်မြေထဲကို ရောက်လာပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ဓားစာခံပြည်သူ ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဧပြီ ၆ ရက်ကတည်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ပျူစောထီးစစ်ကြောင်းဟာ ဧပြီ ၁၀ ရက်မှာ MBT ဌာနချုပ် တပ်ခွဲနယ်မြေထဲသို့ ရောက်လာပြီး ရွာရှည်ရွာနဲ့ တောပုရွာအကြားမှာရှိတဲ့ ဘုန်းကြီးကျောင်းထဲ ရောက်နေချိန်မှာ MBT တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

MBT တပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ ထွက်ပြေးသွားခဲ့ပြီး ဓားစာခံဖမ်းထားတဲ့ ပြည်သူ ၂ ဦးကို ကယ်နိုင်ခဲ့တာလို့ Myingyan Black Tiger-MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။ 

“စစ်သားနဲ့ ပျူစောထီးတွေ ဖမ်းလာတယ်ဆိုတာ ကျနော်တို့ မသိဘူး။ လူသားဒိုင်းပါမှန်းလည်း ကျနော်တို့ မသိခဲ့ဘူး။ ကျနော်တို့ဝင်တိုက်မှ ဒီ ၂ ဦးကိုဖမ်းလာတယ်ဆိုတာ သိတာပါ။” လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။ 

အဆိုပါတိုက်ပွဲမှာ ပျူစောထီးတွေဘက်က ကျန်ခဲ့တဲ့ ယမ်းထုပ် ၅ ထုပ်ကို သိမ်းဆည်းနိုင်ခဲ့သလို MBT သတင်းပေးတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီဘက် ၃ ဦးသေပြီး ၁ ဦးဒဏ်ရာရသွားတယ်လို့ သူက ဆက်ပြောပါတယ်။ 

ပုံစာ - MBT တပ်ဖွဲ့ဝင်များနှင့် ကယ်လာသည့် ဓားစာခံပြည်သူ ၂ ဦး။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #ပျူစောထီး #မန္တလေးတိုင်း #မြင်းခြံ #တောပုရွာ #MyingyanBlackTiger #MBT #ဓားစာခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10