ပျူစောထီးထိန်းချုပ်ထားတဲ့ ဆင်လူးရွာက အသက် ၁၀ နှစ်မိန်းကလေး ဆော့နေရင်းမိုင်းထိလို့ ဒဏ်ရာပြင်းထန်ရ     ■ PDF က ဒရုန်းဗုံးကြဲလို့ ပေါက်ကွဲမှုဖြစ်ပြီးဒဏ်ရာရတာလို့ စစ်တပ်က ရွာခံတွေကိုပြော

ပျူစောထီးထိန်းချုပ်ထားတဲ့ ဆင်လူးရွာက အသက် ၁၀ နှစ်မိန်းကလေး ဆော့နေရင်းမိုင်းထိလို့ ဒဏ်ရာပြင်းထန်ရ  ■ PDF က ဒရုန်းဗုံးကြဲလို့ ပေါက်ကွဲမှုဖြစ်ပြီးဒဏ်ရာရတာလို့ စစ်တပ်က ရွာခံတွေကိုပြော

 

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာက အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ဦး ဆော့ကစားနေရင်း မိုင်းထိတာကြောင့် ဒဏ်ရာပြင်းထန်(စိုးရိမ်ရ) ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းထိမှန်သူမှာ ဆင်လူး(တောင်)ရွာနေ ဦးသောင်းဌေးဆိုသူရဲ့သမီး အသက် ၁၀ နှစ်အရွယ် ၄ တန်းကျောင်းသူဖြစ်ပြီး  ဒီဇင်ဘာ ၁၅ ရက် မနေ့မနက် ၉ နာရီလောက်က ၎င်းရဲ့နေအိမ်တောင်ဘက်မှာ ဆော့ကစားနေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

“ ကလေးမ မိုင်းထိပြီးတော့ အသက်တော့သေတယ်ရှင်တယ်မသိရဘူး။ မဲဇလီဆေးရုံကိုမလာရဲလို့ စလင်းဆေးရုံကို ပြေးပါတယ်” လို့ ရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါမိန်းကလေးမှာ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြား (ပြင်းထန်)ရရှိခဲ့ကာ လက်ရှိမှာ စိုးရိမ်ရတဲ့အခြေအနေရှိနေပြီး ဒဏ်ရာရရှိမှုအသေးစိတ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဆင်လူးရွာကို ပျူစောထီးတပ်ဖွဲ့အင်အား ၂၀၀ ခန့်က ထိန်းချုပ်ထားကာ အဆိုပါပျူစောထီးတွေက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မှုကို ကာကွယ်နိုင်ရေး ရွာနဲ့အနီးဝန်းကျင်နေရာတွေမှာ မြေမြှုပ်မိုင်းထောင်တာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

မိုင်းထိမှန်ဒဏ်ရာရခဲ့တဲ့ မိန်းကလေးရဲ့ဖခင်ဖြစ်သူ ဦးသောင်းဌေးဟာလည်း ဆင်လူးရွာခံတွေ ပျူစောထီးထဲ ဝင်ရောက်ကြရေး လိုက်လံစည်းရုံးမဲဆွယ်နေသူဖြစ်ပြီး ၎င်းရဲ့နေအိမ်တောင်ဘက်မှာလည်း ဘန်ကာနဲ့ကတုတ်ကျင်းတွေ တူးဖော်ထားသူလို့ အထက်ပါဒေသခံက ပြောပါတယ်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နေ့လယ် ၁၁ နာရီလောက်မှာ စလင်းမြို့နယ်၊ ကံပြားရဲစခန်းမှာ အထိုင်ချတပ်စွဲနေတဲ့ ဗိုလ် ခန့်ပိုင်စိုး အဖွဲ့က ဆင်လူးရွာကိုရောက်ရှိလာပြီး ပေါက်ကွဲမှုဟာ PDF တွေဘက်က ဒရုန်းနဲ့ဗုံးချလို့ဖြစ်ပွားတယ်ဆိုကာ ရွာသားတွေကို ပြောဆိုသတင်းဖြန့်သွားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၃ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ ဆင်လူးမြောက်ရွာမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးမိုင်းစထိမှန်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပွင့်ဖြူ #ဆင်လူးရွာ #ကလေး #မိုင်း #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10