ပျူစောထီးရွာကိုပို့မယ့် ရိက္ခာကားကိုဖမ်းဆီးပြီး ကားပေါ်ပါလာသူ ၂ ဦးကို ထိန်းသိမ်းထား

ပျူစောထီးရွာကိုပို့မယ့် ရိက္ခာကားကိုဖမ်းဆီးပြီး ကားပေါ်ပါလာသူ ၂ ဦးကို ထိန်းသိမ်းထား

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၇ တပ်ကထွက်လာတဲ့ ရိက္ခာကားတစီးကို ဖမ်းဆီးခဲ့ပြီး ကားပေါ်ပါလာသူ ၂ ဦးကို စစ်ဆေးနေတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဇီးတောပျူစောထီးရွာကို ရိက္ခာပို့ဖို့ထွက်လာတဲ့ Light Truck ကားကို ဇူလိုင် ၁၄ ရက် ဒီမနက် ၆ နာရီခွဲလောက်က အောင်မိုးလမ်းခွဲမှာ ဒေသခံကာကွယ်ရေးရဲဘော်တွေက အသင့်စောင့်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

“ကျနော်တို့ သုံးသပ်ရတာကတော့ ပြည်သူ့ကားကိုဖမ်းဆီးပြီး စေခိုင်းတယ်လို့ သုံးသပ်ရတယ်။ ကားပေါ်မှာတော့ ၂ ယောက်ပါတယ်။ လက်ရှိနယ်မြေအခြေအနေအရတော့ ဖမ်းဆီးထားတဲ့ ပြည်သူ ၂ ဦးကိုထိန်းသိမ်းထားတယ်” လို့ ရေစကြိုပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ကားပေါ်ကနေ ဆန်အိတ် ၂၄ အိတ်၊ ဆား ၂ အိတ်၊ ကုလားပဲ ၃ အိတ်၊ ဆီ ၄ ပုံး၊ နို့ဆီဖာ ၅ ဖာ ရရှိခဲ့ပြီး ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးကိုတော့ စစ်ဆေးမေးမြန်း၊ ထိန်းသိမ်းထားကာ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကို ရိက္ခာပို့ပြီးပြန်တဲ့ စစ်ကောင်စီ စစ်ကြောင်းကို ရေစကြိုပကဖ က ရေစကြိုမြို့နယ်၊ သဲပုံအနောက်ကျေးရွာနဲ့ ရွာထောင်ကျေးရွာ အကြားမှာ တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ကျည်၊ ခဲယမ်းနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #ရိက္ခာ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10