ပျူစောထီးရှိတဲ့ရွာကို လမ်းမှားဝင်မိတဲ့ PDF ရဲဘော်၂ ဦး သတ်ခံရ

ပျူစောထီးရှိတဲ့ရွာကို လမ်းမှားဝင်မိတဲ့ PDF ရဲဘော်၂ ဦး သတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးရွာကို လမ်းမှားဝင်သွားတဲ့ ရွှေဘိုခရိုင်တပ်ရင်းတခုက ရဲဘော် ၂ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် မနေ့က နေ့လယ် ၂နာရီလောက်မှာ PDF ရဲဘော် ၂ ဦးက ဆိုင်ကယ်တစီးနဲ့ထွက်လာတဲ့အချိန် မကျီးတုံပျူစောထီးရွာဘက်ကို လမ်းမှားဝင်ပြီး သတ်ဖြတ်ခံလိုက်ရတာလို့ သိရပါတယ်။

"အဲ့ဒါ သူတို့(PDF)နယ်မြေပါဗျာ။ ဘယ်လိုများ မှားဝင်လိုက်လဲ မသိပါဘူး။"လို့ ဒေသခံတော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

မကျီးတုံရွာဟာ ခင်ဦးမြို့ရဲ့အရှေ့ဘက်ကပ်လျက်မှာရှိပြီး ခင်ဦးမြို့ဝန်ထမ်းအိမ်ရာနဲ့ ကပ်လျက်မှာရှိကာ ပျူစောထီးတွေက အထိုင်ချတပ်စွဲထားတာလို့ သိရပါတယ်။

သတ်ဖြတ်ခံလိုက်ရသူတွေဟာ ရွှေဘိုခရိုင်တပ်ရင်းတခုက ရဲဘော်တွေလို့ သိရပြီး အဲဒီတပ်ရင်းကို မြေလတ်အသံက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

စစ်ကောင်စီဘက်ကတော့ PDF အလောင်း ၂ လောင်း၊ AK သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ကျည် ၄၅ တောင့်၊ ဆိုင်ကယ် ၁ စီးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရင်ဘတ်တံဆိပ် ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်တုန်းကလည်း ရွှေဘို - မန္တလေးကားလမ်းမအတိုင်း ဆိုင်ကယ်စီးလာတဲ့ ယူနီဖောင်းဝတ် လက်နက်ကိုင်ထားတဲ့ PDF ၂ ဦး စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ရောက်သွားပြီး သတ်ခံခဲ့ရဖူးတာရှိပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #ပျူစောထီး #PDF #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10