ပျူစောထီးသားအဖ ၂ ဦးနဲ့ မိသားစုဝင် ၇ ဦး ဝံပုလွေပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်လာ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာက ပျူစောထီးအဖွဲ့ဝင် လက်နက်ကိုင် သားအဖ ၂ ဦးနဲ့ မိသားစုဝင် ၇ ဦး အလင်းဝင်ရောက်လာတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၄ ရက်က အလင်းဝင်ရောက်လာတာဖြစ်ပြီး စားဝတ်နေရေးအခက်အခဲဖြစ်တဲ့အပြင် ပြည်သူ့ဘက်ကို ရပ်တည်ချင်တဲ့စိတ်ကြောင့် အလင်းဝင်လာတာလို့ သိရပါတယ်။

ပျူစောထီးမိသားစုကို လုံခြုံတဲ့နေရာမှာ ပြုစုစောင့်ရှောက်ထားပြီး သာမန်ပြည်သူလူထုတွေလိုပဲ လုပ်ကိုင်စားသောက်ကြမှာဖြစ်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ခေါင်းဆောင် ဗိုလ်မီးပွားက ပြောပါတယ်။

အလင်းဝင်လာသူတွေထဲမှာ အသက် ၄၀ နှစ်အရွယ် မြင့်ဇော်နဲ့ အသက် ၁၆ နှစ်အရွယ် မျိုးမင်းခန့်တို့ဟာ လက်နက်ကိုင်တွေဖြစ်ပြီး ကျန် ၇ ဦးမှာ မိသားစုဝင်တွေ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

သရက်ကွကျေးရွာက ပျူစောထီးတွေအနေနဲ့ အလင်းဝင်ရောက်လိုပါက အာမခံချက်ပေးကာ ဖိတ်ခေါ်မှာဖြစ်ပြီး အလင်းဝင်ကြဖို့ကိုလည်း တိုက်တွန်းတယ်လို့ ဗိုလ်မီးပွားက ဆိုပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #သရက်ကွကျေးရွာ #အလင်းဝင် #ပျူစောထီး #သားအဖ၂ဦး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10