ပျူစောထီးအချို့ရှိတဲ့ တောပုရွာကို လက်နက်ကြီးသွားပစ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှာနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေရှိတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃ အမဲလိုက်သိမ်းငှက်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်

စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီကျော်မှာ တောပုရွာမှာရှိတဲ့ ပျူစောထီးတွေကို ၆၀၊ ၈၀၊ ၁၂၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ပျူစောထီးအင်အားတော့ အတိအကျတော့မသိဘူး။ အများကြီးတော့ မရှိတော့ဘူး သိရတယ်။ အတွင်းသတင်းပေးချက်အရတော့ ပျူစောထီးကင်းပုန်းနေရာတွေကျတော့ ရုန်းရင်းဆန်ခတ် ၂၀ ကျော် ပြေးလွှားနေကြတယ်လို့ပြောတယ်" လို့ မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃ အမဲလိုက်သိမ်းငှက် PDF အဖွဲ့ရဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ငရဲမင်းက ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃ အမဲလိုက်သိမ်းငှက်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Drangon Brothers Local Defence Force၊ စေတန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အာဂလုလင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း မုံရွာမြို့ ချင်းတွင်းမြစ်ကြောင်းထဲမှာ စစ်ကောင်စီစစ်သင်္ဘောတစီးကို မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃ အမဲလိုက်သိမ်းငှက်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တဖက်ပွင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #စစ်ကိုင်းသတင်း #တိုက်ပွဲ #တောပုရွာ #လက်နက်ကြီး #ပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10