သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဆုံကုန်းကျေးရွာမှာ ပျူစောထီးအပတ်စဉ် ၁ သင်တန်းဆင်း အုပ်ချုပ်ရေးမှူး ၁ ဦး နေအိမ်မှာ ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ်ပကဖဆီက သိရပါတယ်။
သေဆုံးသူဟာ ဆုံကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၆ နှစ်အရွယ် ဦးစိန်ကျော်လွင်ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက် နေ့လယ် ၂ နာရီခန့်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"ကျနော်တို့ရဲဘော်တွေဝင်သွားတဲ့ အချိန်မှာ **တွေထင်ပြီး အလေးပြုတယ်။ စကားပြောပြီး သူ့ဆီက ထွက်ဆိုချက်တွေယူပြီးမှ သေနတ်နဲ့ ၂ ချက်ပစ်ခဲ့လိုက်တယ်။"လို့ နတ်မောက်မြို့နယ်ပကဖ တာဝန်ခံ အဆိပ်သီးက ပြောပါတယ်။
အဲဒီပစ်ခတ်မှုကို နတ်မောက်ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ရင်ဘတ်မှာ ကျည် ၂ ချက်ထိပြီး နေရာမှာပင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး စိန်ကျော်လွင်ဟာ နတ်မောက်မြို့နယ် ပျူစောထီးအပတ်စဉ် ၁ သင်တန်းဆင်းဖြစ်သလို စစ်ကောင်စီအာဏာသိမ်းပြီးမှာ အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး စစ်တပ်ဘက်က ခိုင်းစေသမျှ လိုက်လံဆောင်ရွက်ပေးနေသူဖြစ်တယ်လို့ နတ်မောက်ပကဖထံက သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်ကလည်း နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာက ပျူစောထီးခေါင်းဆောင် မင်းဇော်ဆိုသူဟာ သူပိုင်ယာခင်းထဲမှာပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #နတ်မောက် #ဆုံကုန်း #အုပ်ချုပ်ရေးမှူး #ပစ်ခတ်
Share Share Share