ပျူစောထီးအဖွဲ့ဝင်၂ ဦး မြိုင်ရဲစခန်းက ရဲကိုသတ်ပြီး လက်နက်တွေနဲ့အလင်းဝင်

ပျူစောထီးအဖွဲ့ဝင်၂ ဦး မြိုင်ရဲစခန်းက ရဲကိုသတ်ပြီး လက်နက်တွေနဲ့အလင်းဝင်

မကွေးတိုင်း၊ ပျူစောထီးအဖွဲ့ဝင် ၂ ဦးက မြိုင်မြို့မရဲစခန်းက ရဲတပ်သား ၁ ဦးကိုပစ်သတ်ပြီး စက်တင်ဘာလ ၁၂ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။ 

အလင်းဝင်လာသူတွေဟာ ပျူစောထီးအဖွဲ့ဝင် ညီညီထွန်းနဲ့ ဝေယံမင်းခန့်တို့ဖြစ်ပြီး မြိုင်မြို့မရဲစခန်းမှာ သူတို့နဲ့အတူနေထိုင်နေတဲ့ ရဲတပ်သား ယောကြီးဆိုသူကို ရဲစခန်းကနေခေါ်လာခဲ့ရာက မြိုင်မြို့နယ် တရားရုံးရှေ့မှာ ပစ်သတ်ပြီး ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။  

“ညီညီထွန်းနဲ့ ဝေယံမင်းခန့်တို့က ပျူစောထီးတွေပါ၊ ဒီကလေးတွေ ၂ ဦးရဲ့ အဖေတွေကလည်း မြိုင်မှာ ပျူစောထီးခေါင်းဆောင်တွေပါပဲ၊ သူတို့က ပုဆိုးဝယ်သွားရအောင်ဆိုပြီး ယောကြီးဆိုတဲ့ ရဲကိုခေါ်လာပြီး ပစ်သတ်ပြီးတော့ လက်နက်နဲ့ခဲယမ်းတွေယူလာခဲ့တယ်” လို့ မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။ 

အလင်းဝင်လာချိန်မှာ G 3 သေနတ် ၁ လက်၊ M1 သေနတ် ၁ လက်၊ ကျည်စုစုပေါင်း ၆၀ တောင့် ပါလာခဲ့ပြီး စခန်းကိုရောက်ရောက်ချင်းမှာတော့ စစ်ဆေးဆေးမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"သူတို့က ပျူ‌အဖွဲ့ထဲမှာလည်းနေခဲ့တာကြောင့် ကျနော်တို့က စစ်ဆေးတာတွေလုပ်နေပါတယ်၊ ဆုချလို့တော့ပြီးပါပြီ၊ သူတို့ တိုက်ပွဲအတူဝင်ချင်သလား ဒါမှမဟုတ် ကျနော်တို့ကို သတင်း ထောက်အောင် လွှတ်လိုက်သလား အချို့အချက်အလက်တွေတော့ မေးရတာပေါ့၊ ယုံလို့အပြည့်အစုံမရသေးဘူး"လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပါလာတဲ့ လက်နက်တွေထဲက G 3 သေနတ်ဟာ အသတ်ခံရတဲ့ ရဲတပ်သားကိုင်ဆောင်တဲ့ သေနတ် ဖြစ်ပြီး ပစ်ခတ်ခဲ့တဲ့နေ့မှာ သေနတ်ချင်းလဲယူကာ သူတို့ကိုင်ဆောင်တဲ့ ကာဘိုင်သေနတ် ၁ လက်ကိုပစ်ထားခဲ့တာကြောင့် ဒီနေ့ပြန်ရှာတဲ့အချိန်မှာတော့ အဲ့ဒီသေနတ်ကို ပြန်တွေ့ရတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

လက်ရှိမှာတော့ အလင်းဝင်ပျူစောထီး ၂ ဦးစလုံးကို ဆုငွေချီးမြင့်ပြီး စခန်းမှာပဲစောင့်ကြည့်ထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10