ပျူစောထီးအားကောင်းတဲ့ ရှင်မကန်ရွာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ပျူစောထီး ၂ ဦးသေဆုံး  (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပျူစောထီးတွေနေတဲ့ ရှင်မကန်ရွာကို မေ ၂၃ ရက် မနက် ၆ နာရီခွဲကနေ နေ့လယ် ၁၁ နာရီအထိ ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ရှင်မကန်ရွာမှာရှိတဲ့ ပျူစောထီး အင်အား ၅၀ ကို ကာကွယ်ရေးအဖွဲ့တွေ ပေါင်းပြီး ဝေဟင်ကနေ ဒရုန်း ၆ စီးနဲ့ ဗုံးသီး ၅၀ လောက်ကြဲချတိုက်ခိုက်ခဲ့လို့ ပျူစောထီး ၂ ဦးသေကာ အများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ရှင်မကန်ရွာဟာ ပခုက္ကူနယ်ထဲ ပျူစောထီးအားကောင်းတဲ့ရွာဖြစ်ကာ လက်ရှိမှာ ရှင်မကန်ရွာနဲ့ကပ်လျက်က အောင်သာစခန်းထဲမှာ ပျူစောထီးအင်အား ၈၀ ဝန်းကျင် ထပ်တိုးထားတယ်လို့လည်း ဆိုပါတယ်။ အဲဒီရွာက ပျူစောထီးမဟုတ်တဲ့ လူနည်းစု ပြည်သူတွေဟာ ရွာမှာ မနေရဲကြဘဲ ဘေးရွာတွေဆီ သွားရောက်ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်၊ black cobra force (ကမ္မတပ်ပေါင်းစု)၊ Kamma defence force (KMDF) DMG (ဓားမင်းကြီး)၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ဒေါင်းရင်သွေး၊ People defence force Kamma၊ နယ်စည်းမခြား freedom ဖက်ဒရယ်စစ်ကြောင်း ၁၊ BLY ပြောက်ကျားတပ်ဖွဲ့ ၊ Joker ပြောက်ကျားတပ်ဖွဲ့၊ ဒေသကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ  #ရှင်မကန်ရွာ #ပျူစေထီး #ဒရုန်း #တိုက်ခိုက်ခံရ #ထိခိုက်သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10