ပျူစောထီး ၁ ဦး လက်ပစ်ဗုံး၊ ကျည်ဆံတွေနဲ့အတူ မြိုင်ပကဖထံ အလင်းဝင်

ပျူစောထီး ၁ ဦး လက်ပစ်ဗုံး၊ ကျည်ဆံတွေနဲ့အတူ မြိုင်ပကဖထံ အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာက ပျူစောထီး ၁ ဦး စစ်ကောင်စီအဖွဲ့က နှိပ်စက်‌တာတွေလုပ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့ဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီး ငြိမ်းဇော်မင်းဟာ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မနက်မှာ ကုက္ကိုစုကျေးရွာကနေ ၅.၅၆ ကျည် ၆၇ တောင့် ၊ ကာဘိုင်ကျည် ၃၀ တောင့်၊ AK ကျည် ၁ တောင့်၊ G 3 ကျည် ၂ တောင့်၊ 4.8 ကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ အလင်းဝင်လာတာလို့ ဆိုပါတယ်။ 

"သူကထွက်လာချင်တယ်လို့ ဆက်သွယ်လို့ သွားစောင့်ခေါ်တာ၊ သူ ကင်းကျတဲ့အချိန်ပြေးလာတာ။ သူက စစ်ရေးတွေအရအလင်းဝင်လာမဲ့သူတွေလည်း ရှိသေးတယ်ပြောတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

အလင်းဝင်လာသူပျူစောထီးရဲ့ ပြောပြချက်အရ သူ့ကို ပျူစောထီးခေါင်းဆောင်တွေနဲ့ စစ်ကောင်စီတပ်သားတွေက အမြဲကင်းစောင့်ခိုင်းပြီး နှိက်စက်တဲ့အပြင် စားသောက်ဖို့လည်း ရိက္ခာမပေးတာကြောင့် ခုလို အလင်းဝင်လာခဲ့တာလို့ သိရပါတယ်။ 

လက်ရှိမှာတော့ သူ့ကို အခြားအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေနဲ့အတူ စောင့်ရှောက်ထားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်အထိ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့ဆီကို အလင်းဝင်လာသူ ပျူစောထီး ၆၈ ဦးရှိပြီလို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #ကုက္ကိုလ်စု #ပျူစောထီး #အလင်းဝင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10