သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဇွန် ၂၅ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်းမှာ စဥ့်ကူးမြို့နယ်အတွင်းက ပျူစောထီး ၁၀၀ ခန့်ကိုကျည်မဖောက်ဘဲ လက်နက်ချအညံ့ခံအောင် စည်းရုံးနိုင်ခဲ့သူ အမှတ် ၁၂၂၂ တပ်ရင်းမှူး ကိုဒိုလေးကို စစ်ရေးဗျူဟာထူးချွန်ဆု ပေးအပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်းက ထုံးကြီး၊ ဆည်သည်၊ ဒိုးပင်ကုန်း၊ ရေတော်ဘက်က ပျူစောထီးခေါင်းဆောင်အပါအဝင် စုစုပေါင်းပျူစောထီး ၁၀၀ ဦးခန့်ကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့တဲ့အတွက် တပ်ရင်းမှူးကိုဒိုလေးကို နိုဝင်ဘာ ၁၂ ရက်မနေ့က "စစ်ရေးဗျူဟာထူးချွန်ဆု "ပေးအပ်ခဲ့တာလို့ သိရပါတယ်။
စစ်ဆင်ရေးမှာ ကိုဒိုလေးက ပျူစောထီးတွေနဲ့ ချိတ်ဆက်မှုတွေ ဆက်တိုက်လုပ်ကာ ညှိနှိုင်းမှု အများအပြားလုပ်ခဲ့သလို စစ်ကောင်စီနယ်မြေရောက်ပြီးသား ပျူစောထီးတွေကိုလည်း အကြိမ်ကြမ် ဖုန်းဆက်ကာ လူ့ဂုဏ်သိက္ခာနဲ့ အညီထားမယ့်အကြောင်း ညှိနှိုင်းလက်နက်ချခိုင်းခဲ့ရာမှာ အောင်မြင်မှုတွေ ရခဲ့တယ်လို့ အမှတ် ၁၂၂၂ တပ်ရင်းရဲ့ တာဝန်ခံဆရာနွယ်နီက ပြောပါတယ်။
"တပ်ရင်းမှူးကိုဒိုလေးကို တိုက်ခိုက်ရေးမှာ Authority အပြည့် တိုက်ခိုက်ရေးမှာ ဦးဆောင်ခွင့် ပေးထားတယ်။ အဲဒီမှာ သူက စစ်ရေးဗျူဟာတွေကို အမြဲတမ်းခေါင်းထဲထည့်ထားတဲ့ သူတယောက်ဖြစ်တယ်။ အဲဒါကြောင့် ဒီစည်းရုံးရေးအောင်မြင်တယ်လို့ ယူဆတယ်"လို့ ဆရာနွယ်နီက ဆက်ပြောပါတယ်။
စဥ့်ကူးမြို့ကို ဇူလိုင် ၂၀ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းယူခဲ့ကာ မြို့နယ်အတွင်းက ပျူစောထီးကျေးရွာတွေကိုလည်း တော်လှန်ရေးသိမ်းယူထားနိုင်ပြီး လက်ရှိအချိန်ထိ စဥ့်ကူးမြို့နယ်ဟာ တော်လှန်ရေးတပ်တွေသိမ်းယူထားတဲ့ မန္တလေးတိုင်းအတွင်းက လွတ်မြောက်နယ်မြေတခုလည်း ဖြစ်ပါတယ်။
အဲ့ဒီကဖမ်းဆီးရမိထားတဲ့ ပျူစောထီးတွေကိုလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးထားတယ်လို့ ဆရာနွယ်နီဆီက သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #စဥ့်ကူး #ပျူစောထီး #လက်နက်ချ #ထူးချွန်ဆုပေး
Share Share Share